Part 9 (မင်းသားနှစ်ပါး ရေအတူတူချိုးခြင်း)

834 88 0
                                    

Unicode version


အရှက်မရှိခြင်း၊ စိတ်ကြီးဝင်ခြင်း၊ သိက္ခာ မရှိခြင်း ဆိုသော အတွေးများသည် ရှောင်ကျိုက်ရဲ့စိတ်ထဲတွင် ရေကန်ထဲမှ ချူယွင်ကို ကြည့်ပြီး တနည်းနည်း နဲ့လှည့်ဝင် နေသည်။

ကျွေ့ ဒမ် တယောက်က ယခုလို အရှက်မဲ့တဲ့ အနေအထားကို ပြုလုပ်ရဲလျင် လူပုံ အလယ် တွင် အရှက်ခွဲခံရမည်မှာ အသေအချာပင်။
သို့သော် ချူယွင်က ဆာ  ဖြစ်သည်။ ဆာ ဆိုတော့ ဆာ ရဲ့ သဘောသဘာဝ အတိုင်း ပေါ့။

သူကသာ ချူယွင်ကို အပြစ်တင်ရူတ်ချ နေပေမယ့် ရှောင်ကျိုက်ရဲ့မျက်လုံးက  ရေထဲမှာ တဖျက်ဖျက် နဲ့ ရေ‌ကစားနေသော ဖြူဝင်းဝင်းသွယ်လျလျ  ချူယွင်ရဲ့ ခြေသလုံးကို ကော်နဲ့ကပ်ထားသလို စိုက်ကြည့်နေမိသည်။

ယခုအခြေအနေကို ဆာ မဟုတ်သော သူများအဖြစ်သာ ရှောင်ကျိုက်တွေ့ ခဲ့ဖူးသည်။ ချူယွင် သူ့ကိုအကဲ ခက် တော့သည်။ သူရဲ့ မြေခွေ မျက်ဝန်းတွေကိုကျဉ်းပြီးကြည့်ကာ။တဖက်မှာရှိနေတာ သူ ကို သူ့ညီတော် ဆိုပြီး‌ တွေးလိုက်မိ သေးသည်။ ဒါပေမယ့် သူ့ညီတော်နဲ့ ဆန့်ကျင့်ဘက်ပါပဲ။

သူ့ညီတော်သာ ဆိုလျင် အဆင်မပြေ ဖြစ်ခဲ့လျင် ပွင့်ပွင့်လင်းလင်း ဖော်ပြတက် မည်။ ချူယွင် ဆက်ပြီး အကဲမခက်ချင်တော့။ ရှောင်ကျိုက်ရဲ့အသွင်က ဂုဏ်ယူဝံ့ကြွားပြီး ဆွဲ ဆောင်မှုရှိတဲ့ အသွင်ဖြစ်နေတဲ့ ခြင်း ကြောင့် ဖြစ်သည်။

ချူယွင် သူ့ကိုစိုက်ကြည့်သည်။ အကြောင်းက သူဘယ်လောက်ဆွဲဆောင် မှုရှိတယ်ဆိုတာကို ဂုဏ်ယူတဲ့အသွင်နဲ့ကြည့်နေခြင်းဖြစ်သည်။

သူရဲ့ ညီတော်က သူ့ရဲ့ ဆွဲဆောင်မှုကို သတိမထားမိခဲ့ပုံပေါ်ပါသည်။ ချူယွင် ရေငုံ့နေရာကထွက်ပြီး ခေါင်းတချက်ခါလိုက်ရုံနဲ့ ရှိရှိ သမျှ ဒမ် အား လုံးက သူ့ကို ငေးကြည့်ခဲ့ရသည့် အခြေအနေ တွေရှိခဲ့ဖူးသည်။

ငါ့ကိုကြည့်နေတာပဲ။

ဆက်ကြည့်နေတာပဲ။ ဆိုသော အတွေးနဲ့ သူရဲ့ သစ်ခွနဲ့ ထင်းရူး ရောနှောထားသော Pheromones ကို ထုတ်လွတ် လိုက်ရာ။ ရှောင်ကျိုက်ရဲ့နှာဖျား သို့ ကလူကျီဆယ် နေတော့သည်။

ရှောင်ကျိုက်စိတ်နှစ်ခွ ဖြစ်နေသည်။ သူနောက်ပြန်လှည့်ပြီး တည်းခိုခန်းကိုဘဲ ပြန်လှည့်ရမလား။ ဒါမှ မဟုတ် ချူယွင်ကို အနိုင်ပိုင်းတဲ့ စကားပြောသင့်သလားဆိုတာ။

အဆုံးမှာတော့ သူ့ကိုတချိန်လုံးစိုက်ကြည့် နေသည့် ချူယွင်ရဲ့ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင် တွင်ပဲ ရေကန်ထဲ ချေချ မိတော့သည်။

&&&&&&&&&&&

ရှောင်ကျိုက်ရဲ့ ဝမ်းချုပ်နေတဲ့မျက်နှာထား ကို မရယ်မိအောင် မနည်းထိန်းနေရသည်။ မျက်မှောင်ကုတ်ထားပြီး နူတ်ခမ်းတွင်လဲ မကျေမနပ် ဖြစ်နေသလိုဖြစ်နေသည်။
ရှောင်ကျိုက်က တခြားသူရဲ့ ကိုယ်လုံးတီး အနေအထားကို တခါမှမကြုံးဖူး၍ ယခုလို အမူအရာ ဖြစ်နေသည်ဆိုတာ သူသိ သည့်အတွင် တအံ့တဩ ဖြစ်မနေခဲ့ပါ။

ချူယွင် ရှင်းတိုင်းပြည်မှာ ကိုးလခန့် သားမွေးဝတ်စုံများဝတ်ပြီး ခရီးသွားခဲ့သည့်အချိန်ကာလကို ပြန်တမ်းတ မိသည်။

‌ယခုအခါ သူတို့နှစ်ယောက်လုံးသည် တယောက်နဲ့ တယောက် တိုက်ခိုက်မည် ဆိုလျင် ခုန်အုပ်နိုင်မယ့် အခွင့်အရေးကို သူသူငါငါ ရှာဖွေနေကြမည်မှာ အမှန်ပင်။
ချူယွင်ဘက်မှ ပထမဆုံးစတင်လိုက်သည်။ ရှောင်ကျိုက်ဘက်သို့ ရေကူးပြီး ရောက်လာ ကာ ရှောင်ကျိုက်ဘာလုပ်မလဲ ဆိုသည်ကို သူ စမ်းသပ်လိုက်ခြင်းဖြစ်သည်။

ရှောင်ကျိုက်လဲနေရာမှာတင် ငြိမ်လျက် ချူယွင်ရဲ့ အပြုအမူကို သေချာစောင့်ကြည့်နေပြီး သူဘာလုပ်မလဲဆိုတာအကဲခက်ရင်း ပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်ထားသည်။

သူနဲ့ ခြေတလှမ်းစာအကွာအဝေးရောက် သည်နှင့် ချူယွင်ရပ်တံ့လိုက်သည်။ သူ လက်ဆန့်ထုတ်လိုက်မည်ဆိုလျင် ရောကန် ဘောင်ပေါ် တင်ထားသော ရှောင်ကျိုက်ရဲ့ လက်ကို ထိမိမှာ အမှန်ပင်။ရှောင်ကျိုက် သူ့ကိုစူးစူးရဲရဲ စိုက်ကြည့်လိုက်တဲ့အချိန် သူပြုံးသည်။

“အရှင့်သားဘာလုပ်ဖို့ကြိုးစားနေတာလဲ”

ရှောင်ကျိုက် သူ့ကို လက်မထပ်ခင်ကတည်းက မျက်နှာကိုမြင် ဖူးခဲ့ပြီ။ ဒါ မဖြစ်သင့်တဲ့အရာပါ။ဒါကြောင့် မင်္ဂလာဦးည မတိုင်ခင် ချူယွင်ကို ထိ‌ေတွ့ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

ချူယွင်ရဲ့ နူတ်ခမ်းထောင့်တဖက်က ရုတ် ချည်းညွှတ်ကျသွားသည်။

“ကျတော်တို့က လက်ထပ်ထားတာလေ။ အရှင့်သား အနေနဲ့ နည်းလမ်းတကျကြီး ပြုမူမနေပါနဲ့။မြောင်ယန်းလို့ ခေါ်ပါ၊”

ရှောင်ကျိုက်ရဲ့ မသက်မသာ ဖြစ်နေတဲ့ မျက်နှာထားကြောင့် ချူယွင် ဟန်ဆောင် ပြုံးသည်။

“မဟုတ်ရင်လဲ ချူယွင် လို့ခေါ်ပါ၊ ဇီလန် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ အတိုင်း ကြိုက်သလို ခေါ်လို့ရတယ်”

ရှောင်ကျိုက်ရဲ့လက်ကောက်ဝတ်ကို ထိတွေ့ရန် သူလက်ကမ်းလိုက်သည်။ ရုတ်ချည်းရှောက်ကျိုက်ရဲ့လက်က ဆတ်ခနဲ နောက်ဆုတ်သွားသည်။ ထို့ကြောင့်သူ့မေးသူပွတ်သပ်နေလိုက် သည်။

‌ဒီအခြေအနေကို ‌ချူယွင် အလွန်သဘော ကျနေသည်။ပြီးတော့ ရှောင်ကျိုက် သူနဲ့ အတူတူ မနေချင်ဘူးဆိုတာ သိလိုက်ရ သည်။

ရှောင်ကျိုက်မျှော်လင့်ထားသည်က ချူယွင် သူ့အပေါ်ကို ရှက်ရွံ့သလိုလို၊ အောက်ကျွံ့ခံတော့မလို ပုံစံဖြင့်ချည်းကပ် လာမည် ထင်ခဲ့ပေမယ့် ယခုတော့ တခြားပုံစံ နဲ့ချည်းကပ်လာသည်။

ချူယွင် သူရဲ့မိဘ၊တိုင်းပြည်ကို အရှက်မရစေချင်ပါ။ ထို့ကြောင့် ရှောင်ကျိုက် နှင့် သူ။ နှစ်ယောက်ကြား တွင် ယှဉ် ပြိုင်မှုတွေရှိလာလိမ့်မည်။

သူက ဆာ တယောက် ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်မှု မရှိဘဲ သူရဲ့ ကိုယ်လုံးတီး အခြေအနေ ကို ပြမည် မဟုတ်။
သူတို့နှစ်ယောက်ရဲ့ အခြေအတင် ဖြစ်နေသော လေထုအခြေအနေကို ခြေသံ တစုံက ဖြိုခွဲလိုက်တော့သည်။

ချူယွင် သူရဲ့ နေရာကို ပြန်လည် ကူးခက် လာသည်။သူတို့ချင်း ဘာမှ မဖြစ်ခဲ့သလို အနေအထားသို့ ပြန်လည်ရောက်ရှိသွား သည်။

ဟွားနန်ယီ ရေပူစမ်းဆီသို့အဝတ်အထူထူ တထည် ယူလာပြီး အမြန်ပြေးလာခဲ့ရသည်။ ရေပူစမ်းတွင် ရှောင်ကျိုက် ကိုကော အတူတွေ့ရ သည့် အတွက် မသိမသာ လေပူမှုတ်ထုတ် ‌သည်။

“အရှင့်သားကိုသတင်းပို့ပါတယ်။ညစာကို အဆင်သင့်စီစဉ်ထားပြီးပါပြီ”

လက်နှစ်ထက်ကို ဝမ်းဗိုက်ပေါ်ယှက်တင်ပြီး ဟွားနန်ယီ အဆိုရှိလာသည်။ အခြားသူ များရှိနေလျင် ရင်းရင်းနှီးနှီးအမူ အရာနဲ့ အပြောဆိုသင့်။ အထူးသဖြင့် ရှောင်ကျိုက် ရှိနေတဲ့အတွက် အထူးသတိပြုသင့်သည်။

ချူယွင် ရေကန်ထဲက ထရပ်လာပြီး ဟွားနန်ယီက ဝတ်ရုံအထူကို အသင့် ဝတ်ဆင် ပေးသည်။ ချူယွင် ရေထဲကနေ ထရပ်လိုက်သည့် အချိန်ကတည်းက ရှောက်ကျိုက် မျက်လွှာချထားမိသည်။ သို့ပေမယ့် ချူယွင်ရဲ့သေးသွယ်သော ကျောပြင်နှင့် ချပ်ရပ်နေသော ဝမ်းဗိုက်သား ကိုတော့ ရိပ်ခနဲကြည့်ရမိ သေးသည်။

Wolf King and his fox Consort (ဝံပုလွေဘုရင်နှင့်သူ၏မြေခွေးကြင်ယာတော်)Donde viven las historias. Descúbrelo ahora