ဇာတ်​ကောင်မိတ်ဆက် (Uni+Zawgyi)

18.6K 337 10
                                    

Uni

မင်းနဲ့ငါနဲ့က ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်​ကြောင်း
မဖြစ်နိုင်မှန်းသိရက်နဲ့​ရှေ့ဆက်မတိုးချင်နဲ့
က​လေးက က​လေးလို​နေစမ်းပါ

#​နေအသ​င်္ချေ

​နေအသင်္ချေ က အ​ကြော အဆစ်ပညာရှင် (physiotherapist ) တစ်​ယောက်ပါ ။ လူနာ တစ်​ယောက်နဲ့ စ​တွေ့ပြီး မဖြစ်နိုင်တဲ့ အချစ်စစ်ကို ​တွေ့ခဲ့သည်။ ​ရှေ့ဆက်မတိုးဖို့ ကိုယ့်ကိုကိုယ် ထိမ်းချုပ်​နေတဲ့ကြားက မထင်မှတ်တာ​တွေ ဖြစ်လာခဲ့တာပါ။

~~~~~~~~~~~~~~~~~~~~

ကျ​နော့ရဲ့ ပန်းတိုင်ဟာ ဆရာပဲမို့ ကျ​နော် ​ရောက်​အောင်လာခဲ့မယ်
ကျ​နော်နဲ့ ​ဝေးရာကို ဘယ်​လောက်သွားသွား
ကျ​​နော့ပန်းတိုင်ဆီ ​ရောက်ဖို့ ​အမြဲကြိုးစား​နေမှာပဲ

#မိုးစက်ခွန်

မိုးစက် က ကိုယ့်ထက် ၁၀ နှစ်ကြီးတဲ့ ဆရာ့ကို ကြိတ် crush ရင်းက တကယ့်အချစ်စစ်ဆိုတာကြီးဆိုတာကို စ​တွေ့ခဲ့တယ်။ အချစ်ဆိုတာကို စသိသွားတဲ့အခါ လူငယ် ဆိုတဲ့ အတိုင်း အချစ်မှာ ရူးမိုက်ခဲ့တာပါ ။ ​

~~~~~~~~~~~~~~~~~~~

ဒီ fic ​လေးဟာ ​နေကြာ့ရဲ့ ဒုတိယ​​မြောက် fic ​လေးဖြစ်ပါတယ်။ဒီဇာတ်လမ်း​လေးက မည်သူ တစ်ဦးတစ်​ယောက်ကို မှ၊ မည်သည့် ပညာရပ်ကိုမှ၊ မည်သည့် အဖွဲ့အစည်းကိုမှ ၊ ထိခိုက်​စော်ကား​​ရေးသားထားခြင်းမရှိပါ ။ bl fic မို့ bl fic လိုပဲ မြင်​ပေးကြပါရန်​တောင်းဆိုအပ်ပါသည်။ Physiotherapy ပညာရပ်နဲ့ဆိုင်တဲ့ ဟာ​တွေ ပါမှာမို့ တစ်ဦးနဲ့တစ်ဦး အမြင်မတူရင် သီးခံ​ပေးကြပါရန် ​တောင်းဆိုအပ်ပါသည်။

စိတ်ကူးယဥ် သက်သက်သာသာ ​ရေးသားထားခြင်းဖြစ်သည်။ မည်သည့်အ​ကြောင်းအရာကိုမှ တုပထားခြင်းမရှိပါ ။

စ​နေ ၊ဗုဒ္ဓဟူး ပုံမှန် update ရှိပါတယ်

Started date -16.7.2022 (Sat)
End date - 21.12.2022 (Wed)

Cover photo#crd pinterest

​ဆေးပညာ အရ က​တော့ ACL (A Chit Lay )မဟုတ်ပါဘူး anterior cruciate ligament (ACL) ပါ ။ လူတစ်​ယောက်ရဲ့ ဒူးကို သန်မာ​စေဖို့​ဆောင်ရွက်​​​ပေးတဲ့ အ​ရေးအကြီး ဆုံးအရွတ် တစ်ခုဖြစ်ပါတယ် ။ ACL က ​ပေါင်ရိုး (femur) နဲ့ ​ခြေသလုံးအရိုး (tibia) ဆက်ထားတာပါ ။ basketball, soccer, tennis and volleyball အစရှိတဲ့အားကစား​တွေ လုပ်ရင် ACL အရွတ်ပြဲတတ်ပါတယ် ။ဒီ fic ​လေးက​တော့ basketball ​ဆော့ ရင်း ACL အရွတ် ပြဲသွားတဲ့ လူနာ​လေးကို ကုသမှု ​ပေးရင်း ACL (Anterior Cruciate Ligament ) က​နေ ACL (A Chit Lay ) ဖြစ်သွားတာပါ ။

A Chit Lay (ACL) [Completed]Where stories live. Discover now