Part 25 (Uni+Zawgyi)

2.6K 99 10
                                    

Uni

"မင်းမင်း "

"ဗျာ ဆရာ "

"ဆရာ့အတွက် ဒါ​လေး​တွေ မှာ​ပေးပါအုန်း "

အသင်္ချေအလုပ်​တွေများ​နေတာမို့က​လေးအ တွက် 2 year anni လုပ်​ပေးဖို့ မင်းမင်းကို မှာခိုင်းလိုက်ရသည်။ ဒါကို မင်းမင်းက ပြုံးပြီး ဆရာက သိပ် ro တာပဲလို့ စသွား​သေးသည်။ မ ro လို့မရပါ ။ မနက်က က​လေးပေါက်စက ဘာ​တွေကောက်သွားသည်မသိတစ်​​နေ့လုံးဖုန်းတစ်  ခါမှမ​ခေါ်တဲ့အပြင်သူ​ဖုန်းခေါ်ရင်​တောင် မကိုင်တာမို့ ဒီ​နေ့အလုပ်ထဲမှာ စိတ်မပါတဲ့အထိကို ဖြစ်နေမိသည်။ည​နေ ​ဆေးခန်းကို​တောင် ယုယနဲ့လဲထားပြီးသားမို့ည​နေတစ်ပိုင်းလုံးကက​လေး​လေး အတွက်ပါ။

"အဆင်​ပြေလား မင်းမင်း "

"အို​​ကေတယ်ဆရာ "

မင်းမင်းက အို​ကေတယ်ဆိုတဲ့အ​ကြောင်း​ပြောမှသာ ရင်ထဲမှာ ​နေလို့​ကောင်းသွား​တော့သည်။ meeting တစ်ခုမသွားမီက​လေးကို message တစ်​ဆောင်ပို့ကာ ​ချော့ခဲ့ရ​သေးသည်။ ဒီက​လေးက အခု​နောက်ပိုင်း အသင်္ချေနဲ့ဆို မိန်းက လေးလို စိတ်ဆိုးတတ်လာတာမို့​​သေချာ ​လိုက်ချော့​နေရသည်။

📩က​လေး​လေး ကိုကို ည​နေ လာ​ခေါ်မယ်​နော် အရမ်းချစ်တယ်

မိုးစက်လချုပ်အတွက်ရှယ်ယာရှင်​တွေနဲ့အစည်း အ​ဝေးကျင်းပ​နေ​တော့သည်။ဒီရက်ပိုင်းမှာမအား တာမို့ စိတ်ကရှုပ်​နေပါတယ်ဆို ကိုကိုက anni အတွက်​မေ့​နေတာမို့စိတ်မ​ကောင်းဖြစ်​နေမိသ ည်။ anni ကို ကိုကိုက ​မေ့သွားတာ ဖြစ်မည်။ ကိုကိုကသူ့ကိုအ​လေးမထားမိတာမို့ပိုပြီးစိတ်ညစ်​နေမိသည်။ဘာလက်​ဆောင်မှမလို ချင်​ပေမယ့်ကိုကို့ဆီကအနမ်း​လေးတစ်ပွင့်​လောက်ဆိုရင်​တောင်မိုးစက်​ကျေနပ်မိပါသည်။ အခု​တော့ ကိုကိုက ဘာမှ တစ်ခွန်း​တောင်မ​ပြောတဲ့အတွက် မနက်လင်းထဲက စိတ်မ​ကောင်းဖြစ်မိသည်။အခု အစည်းအ​ဝေးခန်းထဲမှာ ဖုန်း screen က လင်းလက်လာတာ ကိုကို့ဆီက message မို့ ပိုပြီး​တော့ အံသြမိ​တော့သည်။ ပြီး​တော့လည်း ချွဲပစ်​နေတဲ့ ကိုကို့ message က အလန့်တကြားကြီးပါ ။ တခါမှမလုပ်ဖူးတာ​တွေ လုပ်​နေတာမို့ ဆရာ​နေ သူငယ်ပြန်​နေပြီ​တောင်ထင်မိ၏။ မိုးစက် ဖုန်းကို ကြည့်လိုက်ပြီးအစည်းအ​ဝေးဆက်လုပ်လိုက်သည်။ ကိုကို လာကြိုမယ်ဆိုတဲ့ message ​ကြောင့် ဘာ​လောက်ပဲစိတ်ဆိုး​နေစိတ်ဆိုး​နေ အလုပ်​တွေ ကို အမြန်အပြီးသတ်ပြီး ကိုကို့ ကို​စောင့်​မျှော်နေမိသည်။

A Chit Lay (ACL) [Completed]Where stories live. Discover now