Part 33(Uni+Zawgyi)

2.3K 89 10
                                    

Uni

"အာကာ က​လေး​ကော "

"ကိုစက် အ​ရေး​ပေါ်ခရီးထွက်သွားတယ်
ဆရာ့ကို ဖုန်းမဆက်ဘူးလား "

"ဟာကွာ!!! ဒီက​လေးက​တော့"

အသင်္ချေ ကုမ္ပဏီကအပြန် က​လေးဆီဝင်ကြိုတာဖြစ်သည်။ က​လေးက အ​ရေး​ပေါ် oversea သွားတာတဲ့ ။ သူ့ကို​တောင်ဖုန်းဆက်မ​ပြောတာမို့ အသင်္ချေ စိတ်ထဲတွင်​တော့ ဘဝင်မကျပါ။ ဒါ​ပေမယ့် ဘာမှလည်းမ​ပြောရဲတာမို့ ​ဒေါသကိုမျိုသိပ် ကာဆေးခန်း dutyဝင်ဖို့ ​ဆေးခန်းဆီကိုဦးတည် လိုက်သည်။ ​ဆေးခန်းမသွားခင်​လေး က​လေးနဲ့တစ်ခုခု စားပါမယ်ဆို အခု​တော ဗိုက်​တောင် မဆာနိုင်​လောက်​အောင်ဖြစ်​နေမိ​တော့သည်။ သူအခုမှ ကိုယ်ချင်းစာတတ်သွားပါပြီ။ အရင်က က​လေးကို ဖုန်းမဆက်ဘဲထားမိတာ​တွေအတွက်​နောင်တရမိ​နေ​တော့သည်။ အဆက်အသွယ်မရဘဲကျန်ခဲ့တဲ့သူက အရမ်း​တွေ ခံစားရတယ်ဆိုတာကို​ပေါ့ ။

"င​နေ နင့်ရုပ်က ဘာလည်း
ဘာဖြစ်​နေတာလဲ "(အမှီ)

" ဒီလိုပါပဲ "(အသင်္ချေ)

"အ​ချေ​ကောင်ရယ် ငါတို့​ပေါင်းလာတာ ဘယ်​လောက်ကြာပြီလဲ
နင့်အ​ကြောင်း ​ကောင်း​ကောင်းသိတယ်
​မောင်​လေးနဲ့ ပြသနာ ဖြစ်လာပြန်ပြီမို့လား"(ယုယ)

"အင်း
က​လေးက ဖုန်းမဆက်ဘဲ  oversea ထွက်သွားတယ် "

​"အေး နင်ဝဋ်လည်တာ "(အမှီ)

"ဟုတ်တယ်
ဝမ်းသာချက် "(ယုယ)

သူငယ်ချင်းနှစ်​ယောက်ရဲ့ဝိုင်းသမ ​နေမှု​ကြောင့် လူကဘယ်လို ဖြစ်သွားမှန်း​တောင်မသိပါ။ အရင်က ဘယ်သူကိုမှမတွယ်တာ တတ်တဲ့သူက အခု​တော့ က​လေး မရှိတာ​လေးကို မ​နေတတ်​အောင်ဖြစ်​နေ​တော့သည်။

"အမှီ နင်တို့ CBR ( Community Based Rehabilitaion )[ရပ်ရွာ အ​ခြေပြု မသန်စွမ်းပြန်လည်ထူ​တောင်​ရေး]
သွားမှာ ဘယ်​နေ့လဲ "(အသင်္ချေ)

"မနက်ဖြန် မနက်၅နာရီ "(အမှီ)

"ငါလိုက်မယ် "(အသင်္ချေ)

"အမ် !!!!အ​ချေ​ကောင်မှ ဟုတ်ရဲ့လား "(ယုယ)

"ဟုတ်ပ င​နေဆိုတာ CBR  မလိုက်တာ ဘယ်​လောက်ကြာသွားပြီလဲ "(အမှီ)

A Chit Lay (ACL) [Completed]Where stories live. Discover now