Part 28(Uni+Zawgyi)

2.2K 88 10
                                    

Uni

"ဝါးးး ​မွှေး​နေတာပဲ "

အသင်္ချေ မနက်ခင်းအ​စောကြီး ထမင်းစားခန်းထဲက​မွှေး​နေတာမို့ ဝင်ကြည့်လိုက်​တော့ က​လေး ​ပေါက်စက ချက်ပြုတ်​နေတာကို ​တွေ့ရသည်။ ကြီးကြီးနဲ့ လမင်းတို့​မောင်နှမ ​မိုးစက်ချက်တာကို ဝိုင်းကူ​ပေး​နေကြသည်။

"ဘာ​တွေလုပ်​နေတာလဲက​လေး "

"ဒီ​နေ့ပိတ်ရက်မို့ ​ခို​တောင်မုန့်တီချက်​ကျွေးတာ ကိုကို့ကို "

​"တော်လိုက်တဲ့က​လေး​​လေး "

"သား​နေရယ် သားငယ်​လေး အချက်အပြုတ်လက်ယာ​တွေ တက်လာပြီ ကြီးကြီးတို့က အကူသက်သက်ပဲ "

မိုးစက်အလုပ်ပိတ်ရက်မို့ကိုကို့ကြိုက်တဲ့ခို​တောင် မုန့်တီချက်နည်းကို you tube က ​​လေ့လာပြီး ကိုယ်တိုင်ချက်ပြုတ်​နေခြင်းဖြစ်သည်။ကိုကိုကြိုက်တာ ချက်​ကျွေးရတာမို့ ပင်ပန်းခြင်း မရှိဘဲ မနက်အ​စောထဲက ထချက်​နေ​တော့သည်။ ဖြိုးနဲ့ဇွဲ ကိုလည်း စားဖို့ဖိတ်ထား​သေးသည်။ မ​တွေ့ရတာ ကြာပြီမို့ သူငယ်ချင်း​တွေနဲ့လည်း​တွေ့ရ​အောင်ပါ။

"က​လေး ခဏ နားပြီးမှ ​ရေချိုး
ကိုကို နှပ်​ကော်ဖီ ​ဖျော်ရင်း​စောင့်​နေမယ်"

"ဟုတ်ကိုကို"

မိုးစက် အားလုံး ချက်ပြုတ်ပြီး​တော့ ကြီးကြီးနဲ့ လွှဲကာအ​ပေါ်တက်​ရေချိုးလိုက်သည်။ တစ်ကိုယ် လုံးနံ​စော်​နေပြီမို့ရေချိုးပြီးမှသာအေး​အေး​ဆေး​  ဆေးစား​သောက်​တော့မည်။

"မိုး​လေး "

​"အော် လာ ဖြိုးနဲ့ဇွဲ
က​လေး က ချက်ပြုတ်ပြီးလို့ ​ရေချိုး​နေတယ်"

"ဟုတ် အကို​နေ
ဒီ​နေ့ နားတယ်​ပေါ့ "(ဇွဲ)

"ဟုတ်တယ်ဇွဲ "

မိုးစက် ​ရေချိုး​ပြီးလို့ အဝတ်လဲကာ ​အောက်ထပ်ဆင်းလာ​တော့ သူငယ်ချင်း​တွေ​တောင်ရောက်​နေကြပြီ။

"ဖြိုးနဲ့ဇွဲ စားကြမယ်​လေ
ကိုကို လာ "(မိုးစက်)

ကြီးကြီးက ပွဲပြင်​ပေးကာ မုန့်တီ၊ မတ်ပဲ​ကြော် ၊ ပိတ်ဆွယ် ငါးဖယ်လုံးဟင်းချို၊ အချဥ်၊ ငရုတ် သီးမှုန့် အစုံအလင် ပြင်​ပေးထားသည်။ ကိုကို လက်ယာ ​တောင်ကြီးက နှပ်​ကော်ဖီ​လေးကလဲ ​မွှေးလို့ပါ ။ ကိုကိုက ​တော့ ထုံးစံအတိုင်း မိုးစက် နဲ့နှစ်​ယောက်တစ်ပန်းကန်ပါ ။

A Chit Lay (ACL) [Completed]Where stories live. Discover now