Part 39(Uni+Zawgyi)

2.4K 93 8
                                    

Uni

"မင်းမင်း!!!!"

"ဗျာ ဆရာ​နေ "

"အိမ်နဲ့ခြံထဲသန့်ရှင်း​ရေးလုပ်ဖို့ သန့်ရှင်း​ရေးကုမ္ပဏီတစ်ခု ​လောက်ရှာ ​ပေးပါအုန်း "

"ဟုတ်ဆရာ​နေ "

ဒီတပတ် စ​နေ​နေ့က က​လေး​လေးပြန်လာမှာမို့ အိမ်နဲ့ခြံသန့်ရှင်း​ရေးကို သန့်ရှင်း​ရေးကုမ္ပဏီအပ်ဖို့ပြောထားရသည်။ တစ်အိမ်လုံးကိုလည်း renovation ကုမ္ပဏီ ကိုအပ်ထားပြီး ​ဆေး​ရောင်​တွေပါ ပြန်သုတ်ထားလိုက်သည်။ က​လေး ပြန်လာရင်ဘယ်မှမ​သွားချင်​​လောက်အောင်သူ့အိမ်ကိုအပီအပြင်မွန်းမံထား​တော့သည်။

"ဆရာ ​နေ ပြုံး​နေတာပဲ
ဘာ​ပျော်စရာ​တွေများရှိလို့လဲ "

"ငါ့က​လေး​လေး ဒီစ​နေ​နေ့ ပြန်လာမှာကွ"

"​အော်"

မင်းမင်းသည် ​ဆရာ​နေရဲ့ အ​ပြော​ကြောင့် ​အော်ဆိုပြီး ပဲ တနိုင်​တော့သည်။ သူ အရစ်ခံရတဲ့ဝဋ်က ကျွတ်​တော့မှာမို့ပါ ။ ဆရာ​နေတို့များ သူ့လင်​လေး ပြန်လာမှာ ဆို​တော့ မျက်နှာမှာ သကာရည်လောင်းထားသလိုကို အပြုံးပန်း​တွေဆင်​နေတာမို့ မုန်းချင်စရာ ​ကောင်း​နေ​တော့သည်။ ဘယ်နား​တွေ့​တွေ့ ပြုံးပြီးကြည့်​နေတဲ့ဆရာ​နေ့​ကြောင့် မင်းမင်း​တော်​တော်စိတ်​ပေါက်​နေ​တော့သည်။

"မင်းမင်းဒီ​နေ့ schedule "

"လချုပ်အစည်းအ​ဝေးရှိတယ်ဆရာ အခု "

"အို​ကေ သွားကြတာ​ပေါ့ "

အသင်္ချေ ​ပေါ့​ပေါ့ပါးပါး အခန်းထဲက ထွက်သွားတာ မြင်ပြီး မင်းမင်းမျက်နှာက​တော့ မဲ့ရွှဲ့ကာ ကျန်ခဲ့​တော့သည်။ အစည်းအ​ဝေးအခန်းထဲတွင်လည်း ထိပ်ဆုံးက ထိုင်ပြီး ​မျက်နှာက ပြုံး​ပျော်​နေတာများကြည့်မ​ကောင်း​အောင် ပါ။

တစ်​ယောက်ပြီးတစ်​ယောက်က ရုံးခွဲ​ပေါင်းများစွာရဲ့စာရင်း​တွေ တင်ပြ​နေ​တော့သည်။ အသင်္ချေလည်းသူ့ဝန်ထမ်း​တွေ​ပြောတာ နား​ထောင်လိုက်ပြီး လိုအပ်တာများ ညွှန်ကြားလိုက်​တော့သည်။

"နှစ်ကုန် နှစ်ချုပ်စာရင်းကို ​အားလုံး အဆင့်ဆင့်​သေချာလုပ်ကြပါ
ဆရာ က အားလုံးအတွက်နှစ်ကုန် dinner နဲ့ bonus  ​ပေးဖို့ ရှိပါတယ်
ဗလာ မပါကံစမ်းမဲလည်း လုပ်​​ပေးမှာပါ"

A Chit Lay (ACL) [Completed]Where stories live. Discover now