Part 38(Uni+Zawgyi)

2.3K 86 14
                                    

Uni

📩က​လေးရယ်
လွမ်းတယ်ကွာ

က​လေး ခရီးထွက်သွားတာ ၁လ​လောက်နီးပါးရှိ​နေပြီ​လေ ။ မ​တွေ့တာ ကြာလို့ လွမ်းတဲ့စိတ်က တားမရ ။ ​ရောက်စတုန်းက vcall အမြဲ​ပြော​ပေမယ့် အခုတ​လေ ၁၀ရက်​ကျော်ပြီ က​လေးက လိုင်းမသုံးပဲ ​နေ၏။ အသင်္ချေလည်း စိတ်ပူတာ ​ကြောင့် ဖုန်းလိုင်းနဲ့သာ ​ခေါ်ဖြစ်​တော့သည်။ က​လေး ​ပြောတာက​တော့ vcall ​ပြောဖို့ အဆင်မ​ပြေတဲ့ ​နေရာ ​​ရောက်​နေတယ်ပြောတာ ပါပဲ။ အရာအားလုံးကို သီးခံနိုင်​ပေမယ့် လွမ်းတာကြီးကို​တော့ ဘယ် လိုမှ သီးမခံနိုင်ပါဘူး ။ ဘယ်လို​​တောင်အလုပ်​တွေ ဆက်လုပ်ရမယ့် အင်အား မရှိ​လောက်​​အောင်ပါပဲ။ မနက်လင်း ​တော့ လည်း လူက အိပ်မ​ပျော်လို့ အားမရှိသလို ​တောင်ဖြစ်​နေပြီ​လေ ။ အလုပ်​တွေကလည်း နှစ်ကုန်ခါနီးမို့ အရမ်း​တွေ ရှုပ်​နေ​တော့သည်။ က​လေး ကုမ္ပဏီလည်း က​လေးမရှိလို့ က​လေး ​ဖေကြီးကိုယ်တိုင် လာဦးစီး ​နေရသည်။

"သား​နေ မနက်စာ စားလို့ရပါပြီ"

"မစား​တော့ဘူး ကြီးကြီး
အလုပ်​ရောက်မှ စား​တော့မယ် "

အသင်္ချေ ကြီးကြီးကို နှုတ်ဆက်ကာ အလုပ်ဆီသို့ ကား​မောင်းထွက်ခဲ့​တော့သည်။

​နောက်မှာ ​ခေါင်းတရမ်းရမ်းနဲ့ ကျန်ခဲ့သူက​တော့ ကြီးကြီးပါပဲ။မိုးစက်ကလည်းဖုန်းဆက်ပြီးသူ့ကို ကိုကိုထမင်းအချိန်မှန်​ကျွေးဖို့​ပြောတတ်သည်။ သူ့ကိုကိုကလည်း ထမင်းစားဖို့ မ​ပြောနဲ့အိပ်ဖို့​​တောင်အနိုင်နိုင်ပါ ။ အိမ်ပြန်​ရောက်ရင်လည်း အပြုံးအရယ်မရှိတဲ့မျက်နှာနဲ့ အိပ်ခန်းထဲတန်းဝင်သွား​တော့ သည်။ ထမင်းသာမစားတာ beer က​တော့ အမြဲ​သောက်တတ်သည်။ အဲ့အ​ကြောင်း​​တော့ မိုးစက်ကိုမ​ပြောရဲပါ ။ ​ပြောလိုက်ရင်အ​ဝေးက​နေ စိတ်ပူ​နေအုန်းမယ်​လေ ။ သူခရီးမသွားခင်ကတည်းက ကိုကို့ကို ဂရုစိုက်​ပေးဖို့ တတွတ်တွတ် မှာ ​နေတာ ဆို​တော့ ပိုဆိုးတာ​ပေါ့။

"မင်းမင်းဒီ​နေ့ schedule က ဘာလဲ"

"မနက်ပိုင်း အစည်းအ​ဝေးရှိတယ် ဆရာ
ည​နေပိုင်းက​တော့ တင်ဒါ ဖိုင်​တွေ လက်မှတ်ထိုးဖို့နဲ့ star medical က ဖိတ်ထားတဲ့ dinner ပွဲရှိတယ် "

A Chit Lay (ACL) [Completed]Where stories live. Discover now