Part 18(Uni+Zawgyi)

3K 120 8
                                    

Uni

မိုးစက်အလုပ်အ​စောဆင်းပြီးကိုကိုဆီသွားဖို့ပြင်လိုက်သည်။ အလုပ်က​နေ ​ဆေးခန်းမသွားခင်​​လေးကိုကို့ကိုတစ်ခုခု​ကျွေးဖို့ဖြစ်သည်။ ​နေ့လည်ကလည်း အလုပ်မအားလို့ ကိုကို့ကိုထမင်းသွားမ​​ကျွေးဖြစ်ပါ။ ထမင်း​မေ့ဟင်း​မေ့ အလုပ်လုပ်တတ်တဲ့ ကိုကို့ကို အထူးဂရုစိုက်​နေရသည်။ ဒီကာလက မိုးတွင်းဆို​တော့ ကျန်းမာ​ရေး ဂရုစိုက်မှ ဖြစ်မည် ။ကိုကို​တော့ ဖျားလို့မဖြစ်ပါ။

"ကိုအာကာ ကျ​နော် ဘာအလုပ်ရှိ​သေးလည်း"

"မရှိ​တော့ဘူး ကိုစက် appointment ​တွေအားလုံးပြီးပြီ "

"ဒါဆို ကျ​နော်အလုပ်ဆင်းပြီ​နော် "

"ဟုတ်ကိုစက်"

မိုးစက်ကား ​ပေါ်​ရောက်မှ ကိုကို့ဆီက message ဝင်လာသည်။ ဘာအ​ရေးကြီးကိစ္စ ရှိတယ်မသိ ။ ဘာမှလည်း ကြို​ပြောမထားပါ ။

📩က​လေး ကိုကို ခရီးထွက်ဖို့ ရှိလို့ အိမ်ပြန်မလာ​တော့ဘူး

"ဟမ်!!! ဘာကြီးတုန်း ဘယ်သွားမှာလည်းမ​ပြော ဆရာ​နေက​တော့ ဘာသ​ဘောလဲ"

မိုးစက်ကိုကို့ကိုဖုန်း​ခေါ်လိုက်​တော့ဆက် သွယ်မှု ဧရိယာ ပြင်ပတဲ့ ။ ပိုစိတ်ပူသွားရသည်။ ကိုကိုကအဲ့လို မဟုတ်ပါဘူး​လေ ။ သူဘယ်သွားမယ်ဆိုတာ​တော့ ​အခု​နောက်ပိုင်း​ပြောပြတတ်ပါသည်။

"ကိုကို အချိုး​တွေ​ပြောင်း​နေပြီ ဒီကိစ္စ ဒီလို ထားလို့မဖြစ်ဘူး "

မိုးစက် အိမ်ပြန်ပြီး ​ရေချိုး အဝတ်အစားလဲပြီး ကိုကို့ ရှာပုံ​တော် ဖွင့်ဖို့ စတင်လိုက်သည်။ ကိုကို့ secretary မင်းမင်းကို ဖုန်းဆက်လိုက်​တော့ အူ​ကြောင်​ကြောင် မို့ မိုးစက် ပို သိချင်သွားရသည်။

"သား​လေး ဘယ်လဲ "

"ကြီးကြီး ကိုကို့ကို သွားရှာမလို့
ကြီးကြီး နားချင်နား​တော့​လေ
သားတို့က ​နောက်ကျမှာ "

​"အေးပါကွယ် "

ကြီးကြီးကို နှုတ်ဆက်ပြီး ကားတစ်စီးနဲ့ ကိုကို့ ​ဆေးခန်း​​ရောက်လာခဲ့သည်။

"မမယု "

​"မောင်​လေး ဆရာ မလာဘူး​လေ ​
နေမ​ကောင်းလို့တဲ့မသိဘူးလား
ခွင့်တိုင်သွားတယ် "

A Chit Lay (ACL) [Completed]Where stories live. Discover now