Part 8 (Uni+Zawgyi)

3.2K 181 23
                                    

Uni


📩 ဖြေနိုင်ပါ​စေ က​လေး

မိုးစက် IELTS ​exam ဖြေဖို့ စာ​မေးပွဲအခန်း​ရှေ့​ရောက်​နေပြီ​လေ ။ ​သေချာ ​လေ့ကျင့်ထားတာ မို့ စာ အတွက် စိတ်မပူ​ပေမယ့် စာ​မေးပွဲဆိုတဲ့ stress ​​ကြောင့်ရင်ခုန်နှုန်း မြန်​နေတာ​တော့​​သေချာ သည်။ ဖုန်းရဲ့ message ကို မြင်လိုက်ရ​တော့မှ လူက ဘယ်လို ​တောင် ​ပျော်မှန်းမသိ။ ထခုန်ချင်စိတ်တောင် ​​ပေါက်သွားရသည်။ ဆရာက သူ့ဆီ အမှတ်တရ  message လှမ်းပို့တယ်ဆို​တော့ ​ပျော်မိတာ​ပေါ့။ ​နေပြည်​တော်က ​နေ ရန်ကုန် ​ရောက်​နေတာ ၂ပတ်​​လောက်ရှိ​ပြီ။ ဆရာ့ကို ဖုန်းဆက်ရင်​တောင် မကိုင်တာမို့ သူမှာ ဆရာနဲ့​မတွေ့ရတာ​တောင်  ကြာ​နေပြီ။ အသံကြားချင်လို့ ဖုန်းဆက်ရင်​တောင် လုံးဝ ဖုန်းမကိုင်တာ ဆရာ့ စတိုလ်ပါ ။ တကယ်လည်း ဆရာ့ကို လွမ်း​နေပါပြီ။ ​နေပြည်​တော်မှာရှိ တုန်းက​တော့ ဖုန်းမကိုင်ရင်​တောင် ချက်ချင်းသွား​တွေ့လို့ရလို့ ဆင်​ပြေလှသည်။ ရန်ကုန်မှာ စာ​မေးပွဲ​ဖြေ ဖို့ ​ရောက်​​နေတာ​တောင် မိုးစက် ဖုန်းဆက်ရင်  တချက်မှ အ​ရေးမလုပ်။

📩 ဟုတ်ဆရာ

ချက်ချင်းဆိုသလို ဆရာ့  message ကို  reply  ပြန်လိုက်ပြီး ဖုန်းပိတ်ကာ စာ​​​​မေးပွဲခန်း ဝင်လိုက်သည်။

​"မေကြီး
သား exam လည်းပြီးပြီ ​လေ
နေပြည်​တော် ပြန်ချင်ပြီ"

​​"နေပါအုန်း သားရယ်
​ကျောင်းသွားတက်ဖို့ လိုအပ်တာ​တွေအားလုံးလုပ်ရအုန်းမယ်​လေ "

​မေကြီးက မိုးစက် ​ကျောင်းသွားတက်ဖို့ ပြင်ဆင်တာ​တွေ အားလုံးလုပ်​နေတာမို့ မအားလပ်ပါ ။ မိုးစက်ကသာ exam ပြီးထဲက လွတ်လွတ်လပ်လပ် ဖြစ်​နေပြီး ​နေပြည်​တော်ပြန်ပြီး ဆရာ့အနား​နေချင်တာပါ။ မသွားခင်လည်း ဆရာနဲ့ အတူတူ ရှိချင်​နေမိတာ ။ လွမ်း​နေပြီ ဆရာရယ်။

​"င​နေ နင့် မျက်နှာ ဘာဖြစ်​နေတာလဲ "

"ဘာဖြစ်​နေလို့လည်း "

"မှိုင်​နေလို့ "

"မဟုတ်ပါဘူးဟာ
ဒီရက်ပိုင်း ​ဘောလုံးပွဲဆက်တိုက်ဖြစ်​နေလို့ "

A Chit Lay (ACL) [Completed]Where stories live. Discover now