Part 36(Uni+Zawgyi)

2.4K 83 8
                                    

Uni

"က​လေး​လေး ဘာဖြစ်​နေတာလဲ "

မိုးစက် အိပ်ယာကထကာ ဝမ်းသွား​နေသည်မှာ ၃ကြိမ်​လောက်ရှိ​နေပါပြီ။ ကိုကိုမသိ​အောင် ခိုးပြီး အိပ်သာတက်ပါတယ်ဆိုမှ သိသွား​တော့ အ​ငေါက်ခံရတာ​ပေါ့ ။ ငရုတ်သီးအစပ်​တွေ မစားရ​တော့ဘူးလို့ ပိတ်ပင်မှာ​ကြောက်တာမို့ အသိမ​ပေးပဲထားတာကို ။

"အဲ့​လောက် ဖြစ်​နေတာကို ကိုကို့ကို ဘာလို့မနိုးတာလဲကွာ "

"ကိုကိုက ဆူမှာ စိုးလို့ "

"ဘာ​ပြောတယ် "

"ဟုတ်တယ်​လေ ကိုကိုက ....."

မိုးစက်မျက်နှာ ငို မဲ့မဲ့ဖြစ်​နေတာမို့ အသင်္ချေ ဆူ​ငေါက်ဖို့​တောင် မ​ပြောရဲ​တော့​ပေ။ ​ပြောရင်လည်း ငိုချင်ရက် လက်တို့ဖြစ်​နေမှာပါ ။ က​လေးကို သာသာယာယာ ရင်ခွင်ထဲထည့်ပြီး ဗိုက်​လေးကို ပွတ်​ပေး​နေလိုက်သည်။

"အား....မရ​တော့ဘူး ကိုကို "

မိုးစက် ကိုကို့ရင်ခွင်ထဲက ​ပြေးဆင်းကာ toilet ထဲအ​ရောက်​​ပြေးရ​တော့သည်။ အသင်္ချေ က​လေးကိုကြည့်ပြီးစိတ်ပူလာတာမို့ ​အောက်ထပ်ဆင်းကာ ​ဆေး​သေတ္တာထဲက ဝမ်းပိတ်​ဆေး နဲ့ ဓါတ်ဆား ကို ​ရေဗူးထဲထည့်ကာ ​ဖျော်လာခဲ့သည်။

"က​လေး ရရဲ့လား "

"ဟုတ်ကိုကို "

​"ရော့​ဆေး​သောက်လိုက် "

မိုးစက် တစ်​ယောက်ကိုကို​ပေးတဲ့​ဆေးကို ​သောက်လိုက်ပေမယ့်ဗိုက်က နာ​နေ​သေး၏။ ကိုကို့ကိုမ​ပြောရဲတာက မိုးစက် ဒီ​နေ့ ဝက်သားဒုတ်ထိုးစားလာခဲ့တာ​လေ ။ ​ပြောလိုက်ရင် ​နောက်တခါ ဝက်သားဒုတ်ထိုးစားခွင့် ပိတ်လိုက်မှာမို့ပါ။

"သက်သာလားက​လေး​လေး "

"နည်းနည်း ဗိုက်ရစ်​နေ​သေးတယ် "

အသင်္ချေ က​လေး ဗိုက်ကို ​ဆေးပူ​လေး လိမ်း​ပေးပြီး ပွတ်​ပေးလိုက်​တော့ သက် သာလို့ ထင်တယ် အိပ်​ပျော်သွား​တော့ သည်။ အသင်္ချေလည်း က​လေးကို ရင်ခွင်ထဲထည့်ကာ ဆက်ပြီး​ချော့သိပ်​နေရ​တော့သည်။ နာရီကြည့်လိုက်​တော့မနက် ၃နာရီ​တောင်ရှိ​နေပြီ​လေ။ သူကသာ အိပ်​​ရေးဝ​ပေမယ့် က​လေးက အခုမှ အိပ်​ပျော်သွားတာ​ကြောင့် စိတ်မ​ကောင်းဖြစ်​နေမိ​တော့သည်။ သူ့ကို ဆူမှာ ​ကြောက်လို့ဝမ်းသွားတာကို ကြိတ်ခံ​နေတဲ့​ပေါက်စ​လေးပါ။ ကြာ​လေကြာ​လေ ဘယ်သူနဲ့မှ မတူ​အောင် ချစ်ဖို့​ကောင်းလာတာမို့ အပိုင်ရဖို့ ကြံရ​တော့မည်။

A Chit Lay (ACL) [Completed]Where stories live. Discover now