Part 4 (Uni+Zawgyi)

3.7K 225 21
                                    

Uni

"Morning ပါ ဆရာ "

​"အေး က​​လေး"

"ညီမ​လေးတို့ မိုးစက်ခွန် ကို ဒီ​နေ့ aasessment ပြန်လုပ်မယ် ​နော်"

"ဟုတ် ကို​​နေ "

အသင်္ချေ လူနာ တစ်​ယောက်ကို muscles power ( ကြွက်သား အား)
စမ်းနေရင်းက junior ညီမ​လေး​တွေကို အသိ​ပေးလိုက်သည်။ အသင်္ချေ နဲ့ တစ်ခန်းထဲ အတူ တာဝန်ကျသည့် junior ညီမ​လေး ၅​ယောက်ရှိသည်။ ညီမ​လေး​တွေ အားလုံးက ​တော်ကြသလို  လူနာ​ပေါ်လည်း ​​စေတနာ ​ကောင်းလွန်းလှသည်။

"ဘယ်လိုလည်း ညီမ​လေး
Muscles power ဘယ်​လောက်လည်း"

"Lower limb (​​အောက်ခြေ​​တောက် ​) တွေက ​တော့ power အပြည့်ပါ ကို​နေ  knee (ဒူး) က​တော့  4/ 5 ပါအကို "

"အင်း ​​power တော်​တော်တက်လာပါပြီ "

"Knee ROM (ဒူးအ​ကွေးအဆန့်ကို အဆစ်တိုင်းတဲ့ ​ပေတံဖြင့်တိုင်းတာခြင်း)  က​​ကော "

"Flexion (ဒူး​ကွေး)က 110°" (normal 135° )

"Extension (ဒူးဆန့်)  limitation က 10° ရှိတယ်အကို "( normal extension 0 °)

"အင်းမဆိုးဘူး တက်လာပြီပဲ "

"အခု လူနာကို treatment plan ဆွဲမယ်
ညီမ​လေး ထက်ထက် ဘာ​ပေးမလဲ "

Junior ညီမ​လေး​တွေ အားလုံးကို တစ်​ယောက်တစ်မျိုးဆီ ​မေးခွန်းများ ​မေးပြီး ကုသမှု အသစ်ကို စတင်လိုက်ပါသည်။

အခုဆို မိုးစက် က ၃ လ​ကျော် ကုသမှု ပြီးလို့ ​​​လေးလ ထဲ ​ရောက်လာခဲ့ပါပြီ။ ​လေး​ချောင်း​ထောက်(walking frame) နဲ့မဟုတ်​တော့ဘဲ quadripod walking strick (​အ​ခြေမှာ ​လေး​ချောင်းပါတဲ့ တုတ်​ကောက်) နဲ့​တောင် လမ်း​လျှောက်နိုင်သွားသည်။ ဒူးကို သန်မာ​စေ​သော ​လေ့ကျင့်ခန်း ( knee strengthening exercise ) ကို​တောင် လုပ်​နေရပြီ။ အ​ခြေ အ​နေတိုးတက်လာတာမို့ မိုးစက်ထက် သူ့မိဘ​တွေက ပိုလို့​တောင်ဝမ်းသာ​နေကြသည်။

"ဆရာနေ ဒါ ကျ​နော့ ​ဖေကြီးနဲ့​မေကြီးပါ "

"ဟုတ်ကဲ့ပါ "

"ဆရာ့ သတင်းက​တော့​မွှေး​နေတာပဲ
သား​လေးက ​ဆေးရုံသွားရမှာ အရမ်း​ကြောက်တာ ဆရာ​ကြောင့်သာ သူ၃လလုံးတစ်ရက်မှ မပျက်ပဲ ​ဆေးရုံလာတာ "

A Chit Lay (ACL) [Completed]Where stories live. Discover now