Part 30(Uni+Zawgyi)

2.5K 93 10
                                    

Uni

"သားငယ်​လေး ရယ် ထပါအုန်း
Shooping ထွက်ရ​အောင်​လေ
​ရောက်ထဲက အခန်းထဲက မထွက်ဘူးကွယ် "

မိုးစက်တီကြီးနဲ့တီ​လေးရှိတဲ့ Aussei ​ရောက်​​နေတာ ၁ပတ်​လောက်ရှိ​နေပါပြီ။ ကိုကိုနဲ့လမ်းခွဲပြီး မိုးစက်စိတ်တအားညစ်​နေတာမို့ အလုပ်​တွေကို ကိုအာကာနဲ့ ခဏလွှဲခဲ့ပြီး အပန်း​ပြေခရီးထွက်လာတာဖြစ်၏။ လမ်းခွဲခြင်းကအချိန်တစ်ခုလို အပ်တာမို့ မိုးစက် အချိန်ယူ​နေရသည်။ လွမ်းတာကလည်းတားမရဆီးမရပါ။အရမ်းချစ်ခဲ့အတွက် ပေး​ဆပ်မှုကအရမ်းများလွန်း​နေပါပြီ ။ အခု
လည်း​ရောက်ထဲကထမင်းလည်းမစား ၊ အခန်းထဲကလည်း မထွက်တာမို့ တီတီ ​တွေက​တောင်စိတ်ညစ်​​နေကြသည်။

"မဟုတ်ပါဘူး တီ​လေးရယ်
သား​အေးလို့ပါ "

"မဟုတ်​သေးဘူးသားငယ်​လေး
သားအရမ်းစိတ်ဆင်းရဲ​နေတယ်ဆိုရင်လည်း စိတ်မတင်းထားနဲ့​လေကွယ်
စိတ်​လျှော့လိုက်​တော့ "

"ဟုတ်ကဲ့ပါ တီ​လေး သားကို အချိန် နည်းနည်း​ပေးပါ အဆင်​ပြေသွားမှာပါ"

မိုးစက် နဲ့ ကိုကိုလမ်းခွဲတာ ၁ပတ်​လောက်ရှိ​နေ​ပေမယ့်ကိုကိုဆီကအရမ်းပြတ်သားလွန်းသည်။ ဘာဆိုဘာမှ အသံမကြားရ​လောက်တိတ်ဆိတ်​နေသည်။ မမယုတို့ကလည်း မိုးစက်စိတ်ဆင်းရဲမှာဆိုးတာ​ကြောင့် ဘာမှမ​ပြောကြတာမို့ပါ။ ကို ကိုက​​တော့အရင်ကတည်းက ​နေနိုင်တဲ့သူမို့သူဆီက​တော့ မိုးစက်မ​မျှော်လင့်​တော့ပါ ။ ပြီး​တော့သူကလည်း အမပန်းနုနဲ့အရမ်းအဆင်​ပြေ​တယ်လို့မိုးစက်ထင်မိပါသည် ။ သူ့ကိုလည်း ​မေ့သွား​လောက်ပါပြီ။ ဘာပြသနာဖြစ်ဖြစ် မိုးစက်က စ​ချော့ရ​ပေမယ့် ဒီလိုကိစ္စမျိုးမှာ​တော့ မိုးစက်ဘက်ဘယ်လိုမှ အ​ချော့မ​ပေးနိုင်ပါ။

"ဒါဆို shooping သွားမယ်​လေ
သားငယ်​လေး "

"ဟုတ် သွားကြတာ​ပေါ့ တီ​လေး"

တီ​လေးအတင်း​ခေါ်တာ​ကြောင့် တီ​လေးနဲ့အတူ shopping ထွက်လာခဲ့သည်။ Melbourne မြို့ထဲ တီ​လေး​မောင်းတဲ့ကားနဲ့ပါလာခဲ့သည်။ တီ​လေးကလည်း ​အလုပ်ပိတ်ရက်မို့ မိုးစက်ကို အ ချိန်​ပေး​နေတာ ဖြစ်မည်။ အသဲကွဲ​နေတဲ့ တူ​လေး
ကို​ဖြေသိမ့်​ပေး​​နေတာလည်းပါလိမ့်မည် ။ တီ​လေးနဲ့တီကြီးကို ကိုကိုနဲ့လမ်းခွဲခဲ့တဲ့အ​ကြောင်းအစအဆုံး​ပြောပြထားတာမို့ တီတီ​တွေကလည်း သနား​နေကြသည်။ သူ့တူ​လေးကဘယ်​လောက်ချစ်​ကြောင်းသိ​နေတာမို့ အစစအရာရာ သူ့တူ​လေးကိုပံ့ပိုး​နေကြသည်။ ​ဖေကြီးနဲ့​မေကြီးကို ​တော့ကိုကိုနဲ့အ​ကြောင်းဖွင့်မ​ပြောခဲ့​ပါ။သူ့အဆိုး ဆိုပြီး ​ပြောအုန်းမှာပါ ​မေကြီးတို့က ။ သူတို့က ကိုကို့ ကိုအရမ်းချစ်တာမို့ ကိုကို့မ​ကောင်းသ တင်း​တွေလည်းမ​ပြောချင်တာပါ၏။

A Chit Lay (ACL) [Completed]Where stories live. Discover now