Part19(Uni+Zawgyi)

2.8K 132 8
                                    

Uni

📩ကိုကို ဒီ​နေ့ အိမ်ပြန်​နောက်ကျမယ်​နော်
အလုပ်များ​နေလို့

"ကျစ်ဘာလည်းကွာ
​နေ့တိုင်း အလုပ်​တွေများ​နေလိုက်တာ "

က​လေးအလုပ်ကအပြန်နောက်ကျ​နေတာကြာပါပြီ။သူအသစ်တိုးချဲ့တဲ့လေ​ကြောင်းလမ်းအသစ် ပြသနာဖြစ်ပြီးထဲကအိမ်ပြန်​​နောက်ကျတာနှစ်ပတ်​လောက်ရှိ​နေပါပြီ ။ လာကြိုမယ်ဆို​တော့လည်းကိုကိုပင်ပန်းတယ်ကိုအာကာလိုက်ပို့​ပေးတယ်ဆိုပြီးလာမကြိုရဘူး။က​လေးနဲ့ညစာအတူ တူမစားရတာ​တောင်ကြာ​နေပြီ။လူကအရမ်း​တွေ့ချင်​နေတာမို့ ဒီ​နေ့​တော့ ​ဆေးခန်းလည်းနားတာ​ကြောင့်က​လေးဆီသွားဖို့ဆုံးဖြတ်လိုက်သည် ။ က​လေးအတွက်သူကြိုက်တဲ့အစားအ​သောက်​တွေအပြင်ကိုအာကာနဲ့သူ့ secretary အဖွဲ့အ တွက်ပါ မုန့်​တွေ ဝယ်ပြီး က​လေးဆီလိုက်သွားလိုက်သည်။

​​ည​​နေ ၆နာရီ​လောက်ရှိပြီမို့ ကုမ္ပဏီကဝန်ထမ်း​တွေအလုပ်ဆင်းသွားကြပါပြီ။ မိုးစက်နဲ့ သူ့အဖွဲ့ ၁၀​ယောက်​လောက်သာစာရင်း​တွေလုပ်လိုက် ၊ plan ​တွေ ဆွဲလိုက်နဲ့အလုပ်များ​​နေကြသည်။ အလုပ်အရှုပ်ဆုံးက​​တော့ ကိုအာကာပါ ။

​"ဒေါက်​ဒေါက် "

​"ကိုကို!!!"

မိုးစက် အံသြသွားရသည်အထိ ကိုကိုက အထုပ်​ပေါင်းများစွာနဲ့မိုးစက် အခန်းထဲ​ရောက်လာခဲ့သည်။ မျက်နှာက အရင်​နေ့ကထက်လန်းဆန်းပြီးပြုံး​ပျော်​နေ​တော့သည်။မိုးစက် ကိုအာကာနဲ့အလုပ်ကြောင်း ပြော​နေတာကိုလက်စသတ်ပြီးကိုကို့ ကိုကြည့်လိုက်သည်။

"ကိုကို လာကြိုတာလား "

"အင်း "

"ဒါက အာကာတို့အတွက် "

​"ကျေးဇူးပါ ဆရာ​နေ "

ကိုအာကာကအလိုက်တသိမိုးစက်အခန်းထဲက အထုတ်​တွေဆွဲကာ ထွက်သွားလေသည်။

"ပင်ပန်း​နေပြီလား ကိုကို့ က​လေး​လေး "

"နည်းနည်းပါ "

"ကိုကို က ..."

"ဟုတ်တယ် က​လေးကို လွမ်းလို့ "

"ပြွတ်စ် ..
ဆုချတာ လွမ်းတယ်ဆိုလို့ "

ကိုကို က မိုးစက် အနမ်းကို ပြုံးပြုံးကြီး လက်ခံရင်း အလိုက်သင့် ဖက်ထားလိုက်သည်။ သူ့က​လေး​လေး အလုပ်​​တွေ တအားများပြီးပိန်သွားပြီ​လေ ။ သူဂရုမစိုက်သလို​တောင်ဖြစ်​နေပြီ။

A Chit Lay (ACL) [Completed]Where stories live. Discover now