Part 16(Uni+Zawgyi)

3.1K 135 14
                                    

Uni

📞Hello ကျ​​နော်​​ နေအသင်္ချေပါ
     ဗျာ......

ည ၁၁ နာရီ​လောက်မှာ ဖုန်းဆက်ပြီးရဲစခန်းက အ​ကြောင်းကြားလာ၏။ club မှာ ရန်ဖြစ်ပြီး က​လေးက ရဲစခန်း ​ရောက်​နေတဲ့အတွက် အုပ်ထိန်း သူကိုယ်တိုင်လာထုတ်ပါတဲ့ ။

"ကျစ်!!!!!
ဘာလည်းကွာ "

အသင်္ချေရဲစခန်း​ရောက်​တော့ လက်မှတ် ထိုးပြီး က​လေးကို အိမ်ပြန်​ခေါ်လာလိုက်သည်။ တစ်လမ်းလုံးစိတ်ဆိုးလွန်းလို့စကားတစ်လုံးမှမ​ပြောဘဲ အိမ်​ရောက်လာခဲ့သည်။ သူ့ကို ဖုန်းဆက်ပြီး​ပြောတာက​တော့ သူငယ်ချင်း​တွေနဲ့ dinner ရှိလို့ အိမ်လာမအိပ်​တော့ဘူးလို့ပဲ ​ပြောသွားတာပါ ။ အခုကြမှ club မှာ ရန်ဖြစ်ပြီး ရဲစခန်း​ရောက်သွားတဲ့အထိပါ။ လူကိုကြည့်လိုက်​တော့ဘာမှထိ ခိုက်မှုမရှိပါ။ရန် ဖြစ်တာက မိုးစက်တို့ ခံမလာရဘဲ တဖက်က ခံရတာမို့ အသင်္ချေ ​တောင်းပန်ပြီး​လျှော်​ကြေး​​ပေးခဲ့ရသည်။ပြသနာက ကြီးသွားလို့မဖြစ်ပါ။က​လေးကလုပ်ငန်း စု CEO ဖြစ်​နေတာမို့ သူ့နာမည်ထွက်လာလို့မဖြစ်ပါ။ အသင်္ချေက ရဲစခန်းမှာ ခံရတဲ့ဘက်ကိုတော်​တော်တောင်း ပန်လိုက်ရသည်။

"ကိုကို
က​လေးက..... "

​"ပြောပါအုန်း မင်းငါ့ကို​ပြောသွားတုန်းက club ဆိုတာပါလား "

"ကိုကို့ က​လေးသူငယ်ချင်း​တွေက "

"မင်းက က​လေးလား
ဘာရာထူးလည်း
Club သွားတာ ငါမ​ပြောဘူး
ဘာလို့ရန်ဖြစ်လာတာလဲ "

"ကိုကိုကလည်း
ဟင့်..... "

"မငိုနဲ့ ဘယ်သူကမှားလည်းသေချာ စဥ်းစား
ငါတဖက်ကို ဘယ်​လောက်​တောင်းပန်လိုက်ရလဲသိလား"

"အူးးးဝါးးး"

"တိတ်!!! က​လေးလို လာငို မ​နေနဲ့
ဒီလို club သွားမယ် ရန်ဖြစ်မယ်ဆို
ငါ့အိမ်လာမ​နေနဲ့ "

အသင်္ချေ စိတ်ဆိုးလွန်းလို့ မိုးစက်ငိုသွား​အောင် ရက်ရက်စက်စက်​တွေ ​ပြောပစ် လိုက်သည်။ မ​ပြောလို့လည်းမရပါ ။ သူ့မိဘ​တွေကကိုယ့်ကိုအပ်ထားတာ ။ တစ် ခုခုဆို အသင်္ချေက အကြီးဖြစ်ပြီးမကောင်းဖြစ်​တော့မည်။

A Chit Lay (ACL) [Completed]Where stories live. Discover now