Part 11 (Uni+Zawgyi)

3.9K 187 20
                                    

Uni

"ဆရာ  tea time ​ရောက်ပါပြီ "

"အင်း "

မင်းမင်းက ​နေ့လည် ပိုင်း ဆို ​ကော်ဖီ ​သောက်တတ်တဲ့ဆရာ့အတွက် အမြဲ ​တမ်းဆရာ့အကြိုက်​ဖျော်တိုက်တတ်သည်။ကော်​ဖီ ခါးစိမ့်စိမ့်အရသာ လေးက အသင်္ချေ့ အကြိုက်ပါ ။

"အင်း ​ကောင်းသားပဲ
မင်း​ဖျော်ထားတာလား "

​ကော်ဖီကခါတိုင်း အရသာမဟုတ်​နေတဲ့အတွက် ​မေး​နေရခြင်းဖြစ်သည်။ သူက Moccona  အမြဲ​သောက်တတ်တာမို့တံဆိပ်များ​ပြောင်းထားလို့ ​မေးကြည့်ရသည်။

"မဟုတ်ဘူးဆရာ deli service က လာပို့တာ မနက်က lunch box ​ကော "

"ဟင် !!! ဘယ်သူပို့တာလဲ "

"ကျ​နော်လည်းမသိဘူးဆရာ "

​တော်​တော် စိတ်ချရတဲ့တပည့်ပါ ။ သူ့ဆရာကို ​ဆေးခတ်​ကျွေးတဲ့ဟာဆို အခု​လောက်ဆိုအသ င်္ချေ ​သေ​နေ​လောက်ပြီ။

"ဘယ်သူပို့မှန်းမသိဘဲနဲ့ကွာ မင်းက​တော့ "

"ကဒ်​လေးပါတယ်ဆရာ
သွားယူလိုက်အုန်းမယ် "

မင်းမင်းထွက်သွား​တော့မှ အသင်္ချေ ​ခေါင်းထဲတွင်က​လေးမျက်နှာပေါ်လာခဲ့သည်။သူ့အကြိုက်​ တွေ ကွတ်တိသိတာ က​လေးကလွဲလို့ သူ့မှာဘယ်သူမှ မရှိပါ။ ​နေပြည်​တော်မှာ​နေက တည်းက အ ထုပ်ပေါင်းများစွာနဲ့ မနက်တိုင်းလာပို့နေကြပါ။ မနက်တုန်းကလည်းသူ့အကြိုက် မှို​ခရုဆီ၊ ဝက် သုံးထပ်သားအကျွတ်​ကြော်နဲ့ corn soup ပါတဲ့ lunch box ကို အကြီးအကျယ်စားထားတာ ။ သူ့အကြိုက်တွေ မှာ​ပေးတဲ့ မင်းမင်းကို​တောင် ချီးကျူးမိ​နေတာ။အခုလည်းကြည့် sandwish နဲ့ latte double shot ပါ ။

"ဆရာဒီမှာပါ "

"အင်း "

ကဒ်​လေးမှာ "always smile for me" တဲ့ ။ ​

"အေး​အေး ထားခဲ့ ည​နေငါ​ဆေးခန်းသွားရင် ငါ့ပစ္စည်း​တွေ အိမ်သွားပို့လိုက်စာရင်းတွေစစ်ဖို့ရှိတယ် "

"ဟုတ်ဆရာ "

အသင်္ချေ ကဒ်​လေးကို ကြည့်ကာ သူ့စားပွဲ အံဆွဲထဲထည့်လိုက်သည်။ ဟိုတစ်​နေ့က ကျူးလစ်ပန်းအဝါ​လေး​တွေကလည်းက​လေးပို့တာ​ပေါ့လို့တွေး ရင်း ကြည်နူးမိ​နေ၏။

A Chit Lay (ACL) [Completed]Where stories live. Discover now