Part 20 (Uni+Zawgyi)

3.2K 125 12
                                    

Uni

"က​လေး ကိုကို ဒီ​နေ့ ခရီးထွက်စရာရှိလို့ luggage ပြင်​ပေးအုန်း "

​ရေချိုးခန်းကထွက်လာတဲ့ကိုကိုရုတ်တ ရက်ကြီးပြောလိုက်တာမို့ မိုးစက်စိတ်ထဲမှာတော်​တော်​နေလို့မ​ကောင်းပါ ။ မ​နေ့ညကလည်းဘာမှမ​​ပြောဘဲမနက်ကြမှ သူ့သ​ဘောနဲ့သူအမြဲတမ်းအဲ့လိုလုပ်တတ်တာပါ ။ မိုးစက်ဆိုသူဘာလုပ်မယ်ဆိုတဲ့ plan ​တောင် ကိုကို့ ကို အသိ​ပေးတတ်​ပေမယ့်ကိုကိုက​တော့သူ့သ​ဘောသူ​ဆောင်​နေတာမို့ ပါ။ မိုးစက်ကကိုကိုအတွက်အ​ရေးမပါသလိုခံ စား​နေရ၏။

"ကိုကိုက ဘာမှလည်းကြိုမ​ပြောဘူး "

"ဟုတ်တယ်က​လေး ၁ပတ်​လောက်ကြာမှာ "

"က​လေးကို မလိုက်​စေချင်လို့ ကြိုမ​ပြောတာမို့လား ရပါတယ် "

"မဟုတ်ဘူး က​လေး ကိုကို က ..."

မိုးစက် ကိုကို့အတွက် luggageပြင်​ပေး လိုက်သလို သူ့အတွက်ပါ luggage ပြင်လိုက်သည်။ကိုကိုမရှိတဲ့အိမ်မှာတစ်ပတ် လုံး​နေဖို့ကလုံးဝမဖြစ်နိုင်ပါ။

"ရပြီကိုကို "

"အင် ဒီတစ်လုံးက "

"က​လေးအတွက်​လေ ကိုယ့်အိမ်ကိုယ် ပြန်အုန်းမယ်​လေ
အိမ်​​စောင့်နတ် မှတ်မိ​အောင် "

မိုးစက်ကိုကို့ကိုပြောလိုက်ပြီးကိုအာကာ့ကိုလာ​ခေါ်ဖို့ ဖုန်းဆက်လိုက်သည်။ ဒီ​တခါတော့ ကိုကို့ကို တအားတင်းတယ် သူ့ကို ဘာမှ မတိုင်ပင်ဘဲ အထက်မြန်မာပြည်က ရုံးခွဲ​တွေ သွားစစ်မှာတဲ့ မင်းမင်း​ကော ကား driver ​ကော ပါသည်။ ကားနဲ့ တစ်နိုင်ငံလုံးပတ်မယ်​​ပေါ့ ။မညာတမ်းပြောရရင် သူလည်းလိုက်ချင်တာ​ပေါ့ ။ သူ့ကြ​တော့ဘာမှမ​​ပြောတာကြီးကို စိတ်အဆိုးဆုံးပါ ။

ကိုကိုက ခရီးထွက်မှာမို့ style pants နဲ့ polo shirt အစင်းကြား​လေး ဝတ်ထားတာက တစ်မျိုး​လေးကြည့်လို့ကောင်း​​နေပြန်သည်။ ဆံပင်ကိုလည်း hair coat လိမ်းပြီးဖြီးထားတာသပ်ရပ်လွန်းလှ၏။ မိုးစက် ကြည့်ရင်းနဲ့ သဝန်တိုလာ​တော့ သည်။သူနဲ့သွားရင်​ တော့ အဖိုးကြီးပေါက် စလို ပုဆိုးကြီးနဲ့အခု​တော့ အရမ်း​တွေကိုစမတ်​တွေကြလို့စီးဖို့ဖိနပ်​တောင် lv loafer shoes အညိုရောင်​လေးထုတ်​ ထားသည်။ မိုးစက်ကြည့်​နေရင်းမခံစားနိုင်​​တော့လို့ ​အောက်ထပ်ဆင်းလာလိုက်သည်။ ကိုကိုက luggage နှစ်ခုလုံးဆွဲကာ ဆင်းလာ၏။

A Chit Lay (ACL) [Completed]Where stories live. Discover now