Part 27 (Uni+Zawgyi)

2.2K 81 8
                                    

Uni

"ဆရာ
ကျမ အရမ်း​​ကျေးဇူးတင်လို့ပါ
ဒီမုန့်​လေး​တွေ​တော့ လက်ခံ​ပေးပါ "

​"ကျေးဇူးတင်ပါတယ် ညီမ​လေး
​အားနာလို့ နောက်တစ်ခါ​တော့ မလုပ်ပါနဲ့ "

အသင်္ချေကသူ့အ​မေဒူးနာတာကိုသက်သာ​အောင် ကုသမှု​ပေးခဲ့တဲ့အတွက်မုန့်လက်​​ဆောင်လာ​ပေးတာဖြစ်သည်။ အသင်္ချေက လက်​ဆောင်​တွေကို လက်ခံ​လေ့မရှိတာမို့ ​ကောင်မ​လေးက အတင်း​တွေ လက်ဆွဲပြီး​ပေး​နေသည်။​ဆေးခန်းပြီးချိန် ကားparking မှာဇွဲကြီးကြီး​နဲ့စောင့်ပြီးကို ​ပေး​​နေတာမို့အားနာလိုယူခဲ့လိုက်သည်။ဒီ​နေ့မှမိုးစက် ကကိုကို့ ကိုလာကြိုတယ်တာနဲ့ ကြုံ​နေ​တော့ သည်။

​"အော် က​လေး​လေး ​ရောက်​နေတာလား "

အသင်္ချေမုန့်ထုတ်များစွာဆွဲပြီးကားဆီလာလိုက်တာကားနားမှာ ရပ်ပြီး ဖုန်းသုံး​နေတဲ့က​လေးကို ​တွေ့လိုက်ရသည်။ မျက်နှာကလည်းလန်းလန်း ဆန်းဆန်းမရှိဘဲမှုံကုတ်​နေ​တော့သည်။

မိုးစက် အလုပ်ဆင်းတာ ​နောက်ကျတာမို့အိမ်မပြန်ဘဲ ကိုအာကာ့ကို ကိုကို့ဆီ လိုက်ပို့ခိုင်းလိုက်​တော့မှ လူက စိတ်ဓါတ်​တွေကျဆင်းလာခဲ့သည်။ကိုကိုက မိန်းက​လေးတစ်​ယောက်နဲ့ ရယ်​မော​နေတဲ့မြင်ကွင်းက ထူးထူးဆန်းဆန်း ဆီးကြို​နေ ​တော့သည်။

မိုးစက်က စိတ်ဆိုး​နေ​ပေမယ့် ဘာမှမဖြစ်သလိုကားတံခါးဖွင့်​ပေးတဲ့ကိုကို​ကြောင့်lover seat မှာဝင်ထိုင်လိုက်ပြီး မျက်လုံး မှိတ်ထားလိုက်သည်။ ကိုကိုက seat belt ​တွေ ​သေချာ တပ်​ပေးပြီး ပါးကို​တောင်တစ်ချက်နမ်းသွား​သေးသည်။

"ပြွတ်စ်စ်
က​လေး ပင်ပန်း​နေတာလား
ကိုကို ဘာလိုက်​ကျွေးရမလဲ​ပြော "

ကိုကို ​မေး​နေ​ပေမယ့် ပြန်မ​ဖြေချင်တာ​ကြောင့် စကားတစ်လုံးမှ မ​ပြောဘဲ​နေလိုက်သည်။ ကိုကို ကကားမထွက်​​သေးဘဲမိုးစက် စိတ်ဆိုးတယ်ထင်ပြီး တစ်ချိန်လုံး​ချော့​နေ​တော့သည်။ မိုးစက်စိတ် ဆိုးတာ မဟုတ်​ပေမယ့် ကိုကို့ကိုအဲလို မိန်းမ​တွေနဲ့ အတူ ​တွေ့ရတာ​တော့ သူ့အတွက်လုံးဝအဆင်​ပြေမ​နေပါ။

A Chit Lay (ACL) [Completed]Where stories live. Discover now