Part 45 Final (Uni+Zawgyi)

6.2K 129 21
                                    

Uni

"သား​လေး အားလုံးအဆင်​ပြေပါတယ်
ဒီလို​လေး ဂရုစိုက်သွား
၁လ တကြိမ်ပဲပြန်ချိန်းမယ် "

"ဟုတ်ဆရာမကြီး
​ကျေးဇူးတင်ပါတယ်ဗျ"

မိုးစက်တို့ OG ဆရာမကြီးကို ရက်ချိန်းပြန်ပြ တာဖြစ်သည်။ ဒီတခါ​တော့ ကိုကို ပါတာ မို့ ဘာမှ မ​​ကြောက်​တော့ပါ။ အားလုံးကိုကို လုပ်​ပေးတဲ့အတွက် ကိုကို လက်ကိုဆွဲပြီး ရဲရဲဝင့်ဝင့်​ပေါ့ ။

"အ​ဖေက ဆရာမကြီးကို ဖိတ်စာ ​ပေးခိုင်းလိုက်လို့ပါ "

အသင်္ချေက သူ့ မင်္ဂလာ​ဆောင် ဖိတ်စာ ဆရာမကြီးကိုထုတ်​ပေးလိုက်သည်။ ​​မေ​မေ့ အချစ်ဆုံးသူငယ်ချင်းလို့လည်း ​ဖေ​ဖေက ​ပြော၏။

"ဟင် !!!
ဒါဆိုသားက ​ကေသီ့သား​လေး​ပေါ့ "

"ဟုတ်ပါတယ်ဆရာမကြီး "

ဆရာမကြီးက သူနဲ့ ​မေ​မေ က ဘယ်လိုချစ်တဲ့အ​ကြောင်း၊ ဘယ်လို ခင်ခဲ့တဲ့အ​ကြောင်း ​တွေပါ ​ပြောပြ​နေ​တော့သည်။ မင်္ဂလာပွဲလည်း သူလာခဲ့မယ်ဆိုတဲ့အ​ကြောင်းနဲ့ဂုဏ်ပြုစကားပါ ​ပြော​နေ​တော့၏။

"သားက ကုမ္ပဏီပဲ​​​ထောင်ထားတာလား"

"ဟုတ် ​ဆေးကုမ္ပဏီက ​ဖေ​ဖေ့ ကိုကူညီ​ပေးတာ
သားက physiotherapist ပါ "

"အမ်!!! အခု အလုပ်လုပ်တယ်​ပေါ့"

"ဟုတ် GAIH မှာ လုပ်တာပါ
Part time ပါ "

​"အော် ​!!တော်လိုက်တဲ့ သား​လေးရယ်
သား​မေ​မေ သာသိရင် အရမ်းဝမ်းသာမှာ"

ဆရာမကြီးက ကိုကို့ကို က ဖက်ပြီး စကား​တွေ အများကြီး ​ပြော​နေ​တော့ သည်။ တကယ်ကို သူ့သူငယ်ချင်းသားမို့ အစစအရာရာဂရုစိုက်​နေပါသည်။ မိုးစက် ဗိုက်ကိစ္စ​တွေပါ ကိုကို့ ကိုအ​သေးစိတ်မှာနေ​တော့၏။ ကိုကို နဲ့ ဆရာမကြီး စကား​ပြောတာကို ထိုင်​စောင့်​နေရတာ​တော့ မိုးစက်ပါ။

"အခုမှ ကြည့်မိတယ် သား​က သား​မေမေနဲ့တူတဲ့ လူကို ရှာယူ လိုက်တာလား "

ဆရာမကြီးက မိုးစက်ကိုကြည့်ရင်းထူး ဆန်းတဲ့စကားကိုဆိုလိုက်​တော့သည်။မိုးစက်​တောင်ဆရာမကြီးပြောစကားကို အံသြ သွားရသည်။စကား​တွေအကြာကြီး​ပြောကြပြီး မိုးစက်နဲ့ကိုကို ပြန်လာခဲ့လိုက်​တော့၏။

A Chit Lay (ACL) [Completed]Where stories live. Discover now