Part 14 (Uni+Zawgyi)

3.7K 152 21
                                    

Uni

"ကိုကို
ကိုကို !!!"

​​"အော် သား​လေးမိုးစက်
သားကိုကို မရှိဘူး မနက်အ​စောကြီး ခရီးထွက်သွားတယ် "

"ဗျာ "

ကိုကို နဲ့​တွေ့ပြီး breakfast စားဖို့မနက် အ​စောကြီးထလာရတဲ့မိုးစက် ရင်ဝကိုအကန်ခံလိုက်သ လိုဖြစ်သွား၏။ကိုကို ဆိုသည်မှာ အဲ့လိုပါပဲ ဘာမှ မ​ပြောဘဲ ဘယ်သွားသည်မသိ ။ ဖုန်းဝယ်ထားပြီးမဆက်တတ်ဘူးထင်တယ်။ ဘာကိစ္စမဆို ဖုန်းဆက်တယ်ဆိုတာ ရှားပါးကိစ္စပါ။ မိုးစက်တစ်​ယောက်သာ တစ်ချိန်လုံးဖုန်းဆက်​နေရတာ ။ ဒါ​တောင်ကိုင်ချင်မှကိုင်တာ ။ missed call ကို ပြန်​ခေါ်ဖို့ဆိုတာ​တော့ ကိုကို့ဘဝမှာ တစ်ခါမှ မရှိဘူးတဲ့ကိစ္စပါ။ မ​နေနိုင်တဲ့မိုးစက်ကသာ ဖုန်းစ​ခေါ်ခြင်း အလုပ်ကို လုပ်ရ​တော့သည်။ ဘယ်သွားတယ်ဆိုတာလည်းသိချင်မိသလို ဘာလုပ်တယ်ဆိုတာလည်းသိချင်မိ​နေ၏။

"လူကြီးမင်း​ခေါ်ဆို​သောဖုန်းမှာ စက်ပိတ်ထားပါသည်ရှင် "

"ဘာလည်းကွာ
ဒီ ကိုကို တစ်​ယောက်က​တော့ "

မိုးစက်စိတ်ဆိုးလွန်းလို့မမနက်စာ​တောင်မစားဘဲ ကုမ္ပဏီသွားဖို့ သွားဦးတည်လိုက် သည်။ မ​ကျေ နပ်ချက်​တွေကို ကား​ပေါ်မှာ ​ပြောရင်း ဖုန်းဆက် တိုက်​ခေါ်​နေမိ​တော့သည်။ ဘယ်လိုခေါ်​​ခေါ် လူ ကြီးမင်းနဲ့သာ ညား​နေ​​တော့သည်။

"ကိုစက် ဘာဖြစ်လာတာလည်း "

"ကိုကို​ပေါ့ဗျာ "

"ကိုစက် ဆရာနဲ့စိတ်ဆိုးလာပြန်ပြီလား "

"စိတ်ဆိုးရ​အောင် လူကို ​ပျောက်​နေလို့ "

မိုးစက်ကိုကို့ကိုဒေါသထွက်သမျှ​တွေကို  ကိုအာ ကာ က စိတ်ပါလက်ပါ နား​ထောင်​ပေးရတာက အလုပ်တစ်ခုပါ။ အဲ့အလုပ်မလုပ်လို့ရ​တော့ တစ်​နေကုန် ကိုစက် ရစ်တာ ခံ​တော့မှာပါ။

"​ဟော သား​လေး ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး​ရောက်လာတာလဲ "

"အ​ဖေ့ကို ​ပြောစရာရှိလို့ "

အသင်္ချေ တစ်​ယောက် မိုးစက်နဲ့အတူတူ အိပ်၊ အတူတူ ထမင်းစား၊ အတူတူနေတာ  ကြာလာ​တော့ မိုးစက် မရှိရင် မ​နေတတ်​တော့ပါ ။ အဲ့ဒါက ချစ်တာ လားဆိုတာ​တော့ သူလည်းစဥ်းစား​နေဆဲပါ။ သူကလူကြီးတစ်​ယောက်ဖြစ်ပြီး မ​​သေ ချာတဲ့ ကိစ္စ ကြီးကို ဖွင့်​ပြောဖို့က အဆင်မ​ပြေနိုင်တာ မို့ပါ။ ဒါ​​ပေမယ့် မိုးစက်သူ့နားမရှိရင်အိပ်လို့ကို မရတာပါ။ အခုတ​​လောမိုးစက်မိဘ​တွေက ရန်ကုန်အိမ်မှာလာ​နေတာမို့ မိုးစက် အိမ်ပြန် အိပ်​ နေရသည်။ အသင်္ချေ စိတ်မ​ကောင်းခြင်းများစွာ ဖြစ်​နေရ၏ ။ ​နောက်ဆုံးသူ အ​သေးစိတ်စဥ်းစားလိုက်​တော့မိုးစက်ကိုသူချစ်​နေတာ ​သေချာ သွားပြီ​လေ။ ဒါ​ကြောင့် မိုးစက်ကို​တောင် ဘာမှမ​​ပြောဘဲအ​ဖေရှိတဲ့​တောင်ကြီးကိုတစ်​ယောက်ထဲရုတ် တရက်လာလိုက်ရသည်။ မိုးစက်ကို​ပြောရင် သူပါလိုက်ချင်တယ်ဆိုတာဖြစ်အုန်းမှာ ​လေ။ အဲ့ဒါဆို သားအ​ဖေ နှစ်​ယောက်​ပြော​ရေးဆို​ရေးကဘာမှန်းမသိ။အ​ဖေ က သ​ဘောတူတာလား ၊ မတူတာလားလည်းမသိ​သေးတာမို့ အသင်္ချေ တစ်​ယောက်ထဲ အ​ဖေ့ဆီ​ရောက်လာတာဖြစ်သည်။

A Chit Lay (ACL) [Completed]Where stories live. Discover now