Part 7 (Uni+Zawgyi)

3.4K 184 22
                                    

Uni

ဆောင်းရာသီ ဝင်လာတာ​​ကြောင့် ​နေပြည်​တော် ၏ အ​အေးဓါတ်ကသိသိ သာသာ ပိုလာသည်။ ရန်ကုန်မှာ​​​နေတာကြာလို့ အသင်္ချေ ​ဆောင်းရာသီ အရ သာ မခံစားရတာကြာပါပြီ ။ အငယ်​တုန်းက မန်း​လေးမှာ ​နေခဲ့တာမို့ အခုလို​ဆောင်းရာသီ ​အေးတာ​လေးကို အရမ်းကို သ​ဘောကျပါသည် ။

"အားး ​​အေးလိုက်တာ "

​ရေပူ မစပ်ဘဲနဲ့ ချိုးလိုက်မိတာ​ကြောင့် အသင်္ချေ တုန်ခနဲဖြစ်သွားရ၏။ ဘယ်​လောက် ​အေး​အေး အလုပ်သွားမှာမို့ မနက်ခင်း ​ရေ​တော့ ချိုးသွားရမည် ။ မနက်ပိုင်း ရေမချိုးဘဲ အလုပ်သွားရင် လူက မလန်းပါ ။ ည​နေ အလုပ်က ပြန်လာရင်လည်း ​​ရေချိုးတတ်တာ အကျင့် တစ်ခုပါ ။ အ လုပ်ထဲမှာ တစ်​နေကုန် လူနာ အနံ​တွေ၊ ​ဆေးရုံရဲ့ ပိုးသတ်ထားတဲ့အနံ​တွေက ကိုယ်မှာ စွဲနေတာမို့ ​ည​နေခင်းအလုပ်က ပြန်လည်း ဘယ်​လောက်အ လုပ်ရှုပ်ရှုပ် ​ရေအရင်ချိုးရသည်။

"ဝါးးး ​အေးလိုက်တာကွာ "

"Buzz ~ "

ဖုန်း vibrate သံက ​ရေချိုးခန်းထဲမှာရှိ​နေထဲက ကြား​​နေရသည် ။ ဒီလို အလုပ်သွားဖို့ ပြင်ဆင်​နေတုန်း ဖုန်း လာတာ​လောက် မုန်းတာ မရှိပါ။ ကိုယ့်မှာ အိပ်ယာထ အမြဲ​နောက်ကျလို့ အမြန်လုပ်​နေရပါတယ်ဆို ဖုန်းက လာလိုက်​သေး၏။

"ကျစ် !!"

အသင်္ချေ breakfast စားဖို့ ပြင်ဆင်လိုက်ပြီး ​​ကော်ဖီ ​ဖျော်လိုက်သည်။ ​အေး​နေပြီ ဖြစ်တာ​ကြောင့် sweater အနက်​ရောင်နဲ့ ​ဂျင်းဘောင်း ဘီအနက်ကို တွဲဝတ်လိုက်သည်။

"ဆရာ"

"ဆရာ "

"ကျစ် ဘာလဲကွာ
ဒီ​ကောင်​လေး မပျင်းမရိ ​နေ့တိုင်းလာ​နေတာပဲ "

အသင်္ချေ ​ပြောရင်း တံခါး သွားဖွင့်လိုက်​တော့ အထုပ်​ပေါင်းများစွာနဲ့မိုးစက်ပါ ။

​"တော်​သေးတာ​ပေါ့ "

"ဘာ​တော်​သေးတာလဲ "

"ဆရာ့အတွက် breakfast ဝယ်လာတာ
ဆရာ ရှိပါ့မလားဆိုပြီး​တော့ စိတ်ပူ​နေတာ"

"မင်းကွာ လုပ်စရာ အလုပ်မရှိဘူးလား မနက်တိုင်း ဒုက္ခ ခံလို့"

A Chit Lay (ACL) [Completed]Where stories live. Discover now