Part 17(Uni+Zawgyi)

3.1K 129 8
                                    

Uni

"ပြွတ်စ်
ကိုကို့ က​လေး​လေးက
အိပ်ယာ ထ​တော့​လေ "

"အင်းးးး"

"ကိုကို့ အ​စောကြီးနိုး​နေတာလား "

"အင်း ယုယတို့က ဝါဆိုသင်္ကန်းကပ်ဖိတ်လို့ က​လေး ​ကော လိုက်ခဲ့​လေ "

"ဟုတ်
ကိုကို ထူ​ပေး"

"အပျင်း​လေးပါကွာ "

"ပြွတ်စ် morning ကိုကို "

မိုးစက် ကိုကို့ ကိုတစ်ချက် နမ်းလိုက်သည်။မ​နက်စောကြီးနိုး​နေပြီး အဝတ် အစား​တွေက ​တောက်​ပြောင်သန့်ပြန့်​နေတာမို့ချစ်စရာအတိပါ။ မိုးစက် ရဲ့ပိုင် ဆိုင်မှုကြီးက ဘယ်အချိန် ကြည့်ကြည့် so smart ပါ ။ ဒီ​နေ့လည်း ကချင်ပိုးပုဆိုး ခဲ​​ရောင်​လေးကို အ​​ပေါ်က စတစ် လက် ရှည် အဖြူ​လေးနဲ့တွဲဖက်ဝတ်ဆင်ထားတာကအမိုက်စားပါ။လက် မှာလည်း rolex oyster perpetual 41 mm (2022) ထုတ် အသစ်က​လေးကို ဝတ်ဆင်ထား သည်။ နာရီနဲ့အတူဘယ်ဘက် လက်သူကြွယ်မှာလည်း မိုးစက်ကိုယ်တိုင်ဝတ်​ပေးခဲ့တဲ့ ပလက်တီ နမ် လက်စွပ်​လေးက အထင်းသားပါ။ မိုးစက်ကို ဖွင့်​ပြောတဲ့​နေ့က ကိုကို ကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ လက်စွပ်​လေးပါ ။ ကိုကို့ လက်စွပ်မှာ rain ဆိုတဲ့ စာသား​လေးပါပြီး မိုးစက် လက်စွပ်မှာ sun ဆိုတဲ့စာသား​လေးပါ၏။ မိုးစက် ​ရေမိုးချိုးပြီး အဝတ် အ စားလဲကာ ထွက်လာ​တော့ ကိုကို က တစ်ခုခုကို ရှာ​နေ၏။

"ကိုကို ဘာရှာ​နေတာလဲ"

"ကိုကို့ဖုန်း မ​တွေ့​တော့လို့ "

​"အော်...ကိုကို ကလည်း
​ရော့ က​လေးဆီမှာ "

"ကိုကို့ဖုန်းလည်းမဟုတ်ဘူး​လေ "

"Happy 1month  anniversaryပါ ကိုကို
က​လေးကိုမဆူနဲ့အုန်း​နော်
ကိုကို့ဖုန်း အရမ်း​ဟောင်းနေလို့ အသစ်လဲ​ပေးထားတာ ဒီမှာကြည့် က​လေးနဲ့ဆင်တူ "

မိုးစက် anni ကို ဘာ​ပေးရမလဲဆိုပြီး ​ခေါင်းစား​နေတာကို  iphone က 14 series ထွက်လာတာမို့ကိုကိုနဲ့ဆင်တူ 14promax ​ခရမ်း​ရောင်​လေး ဝယ်လိုက်သည်။ ကိုကို့ ဖုန်းက ​နေပြည်​တော်မှာထဲကကိုင်တဲ့ဖုန်းမို့​ တော်​တော်​ဟောင်း နွမ်း​နေပြီ​လေ ။ သူက ဖုန်းကို ဆက်ဖို့ ​လောက် သာ သုံးတာမို့ ဂရုမစိုက်​ပေမယ့် မိုးစက်က​တော့ ကိုကိုနဲ့သွားတိုင်း သူ့အိတ်ထဲထည့်ယူရတာမို့ အ ရမ်းကိုဝယ်​ပေးချင်တာ​လေ။ကိုကိုကလည်းလက်​​ ဆောင်​ပေးရင် မယူတတ်တာမို့  anni ​ရောက်​အောင်​စောင့်​နေခဲ့ရတာ​လေ။

A Chit Lay (ACL) [Completed]Where stories live. Discover now