Part 9(Uni+Zawgyi)

3.2K 183 18
                                    

Uni 

"ဆရာ​နေ ...
ဆရာ​​​​နေ ..."

"အမ်!!!!ဦး​လေးကြီး "

"ဟုတ်ဧည့်သည်က ဆရာ့အခန်း လိုက်ပို့ခိုင်းလို့ "

စ​​နေနေ့ ပိတ်ရက်မို့ အသင်္ချေ အေးရာ​​​​​အေးကြောင်း ​နေ့လည်စာ ချက်​နေချိန်တွင် security ဦး​လေးကြီးက ဧည့်သည် ​ခေါ်လာခဲ့သည်။ ဧည့်သည်ကို ကြည့်လိုက်​တော့မှ မိုးစက် အ​မေ ဖြစ်​နေ​လေ၏။

"လာပါ အန်တီ
အထဲ ဝင်ပါ "

လှပ ​ကျော့ရှင်း​သော ​ခေတ်ဆန်ဆန် အမျိုးသမီး တစ်​ယောက်မို့ အသင်္ချေ နဲ့ရွယ်တူ​တောင် ထင်ရ​လောက်​အောင် နုပျို​နေ၏ ။ ​ဆေးရုံမှာ ​တွေ့ဖူး​နေတာမို့ ရင်းရင်းနှီးနှီးသာ အခန်းထဲ​ခေါ်လိုက်သည်။ သူ့အခန်းက ထိုင်စရာ ခုံ မရှိတာမို့ ထမင်းစား စားပွဲဆီ ​သို့ ဦးတည် လိုက်ရသည်။

"ထိုင်ပါ အန်တီ "

"မထိုင်​တော့ပါဘူး ဆရာ
​ပြောစရာ ရှိလို့ လာခဲ့တာပါ "

ဧည့်ခန်းတွင် မတ်တပ်ရပ်ပြီး အသင်္ချေ့ကို မျက်စိတစ်ဆုံးကြည့်​နေ​လေသည်။ ​ပြောရရင်​တော့ အထင်​သေးတဲ့ အကြည့်နဲ့ ကြည့်​နေတာ ​ပေါ့။

​"ပြောပါ အန်တီ  လာရင်းကိစ္စ "

"အန်တီ့သား​လေးကို မလှည့်စားပါနဲ့
ဆရာ ပိုက်ဆံဘယ်​လောက်လိုချင်လဲ "

"ဘာာာာ!!!"

အသင်္ချေ မိုးမီး​​လောင်တာထက်​တောင် ​ဒေါသ အကြီးအကျယ် ထွက်သွား​လေသည်။ အသင်္ချေ့ကို အထက်စီးဆန်ဆန် ကြည့်ပြီး သူ့သားနဲ့ မပါတ်သက်ဖို့​တွေကြည့် ​ပြော​နေ၏။ သူမ ဘာ​တွေ​ပြောမှန်း နားမလည်ပါ ။ အသင်္ချေ ​ဒေါသ ထွက်တာက ပိုက်ဆံ အ​ကြောင်းပါလာလို့ပါ ။ သူအမုန်းဆုံး ပိုက်ဆံ က သူ့ မာန ကို ​​စော်ကားနေပြန်သည်။ သူနားမလည်တဲ့ စွပ်ဆွဲချက်​တွေကို နား​ထောင်ရင်း ​သွေး​တွေဆူပွတ်လာ​တော့သည်။

​"အန်တီ ​ပြောတာ​တွေ နားမလည်လို့ တစ်​ခေါက်​လောက်ပြန်​ပြောပါအုန်း "

"အန်တီ့သားနဲ့ ​ဝေး​​ဝေး​နေ​ပေးပါ"

"ဘာာာ !!!!
ကျုပ်နဲ့ ခင်ဗျားသားက ဘာဆိုင်လို့ ဒီလို​တွေ လာ​​စော်ကား​နေတာလဲ "

A Chit Lay (ACL) [Completed]Where stories live. Discover now