Part 2 (Uni+Zawgyi)

5.4K 278 23
                                    

Uni

"မေ​ကြီး သား​ဆေးရုံမသွားဘူး​​နော် "

​"အေးပါ ကိုစက်ရယ်
​သား​ဖေ​ကြီး စီစဥ်​ပေးပါလိမ့်မယ်"

မိုးစက် က အ​ပျော်တမ်း basketball ကစားတဲ့ လူငယ် တစ်​ယောက်ပါ ။ ၁၀တန်း​အောင် ပြီး ​Aussie မှာ ​ကျောင်းသွားတက်ဖို့ သင်တန်း​တွေ တက်​​နေတာ တစ်နှစ်နီးပါး ရှိ​နေပါပြီ။ ​ကျောင်းသွားတက်ခါနီးမှာ ကံမ​ကောင်းစွာနဲ့ပဲ basketball ကစားရင်း ညာဘက် ဒူးမှာ ဒဏ်ရာ ရသွား၏။ အစပိုင်းမှာ အရမ်းဆိုးဆိုးကြီး မဖြစ်​ပေမယ့် တ​ဖြေး​ဖြေးနဲ့ ဒဏ်​ကြောင့် ဒူးက လမ်း​လျှောက်လို့မရနိုင်​လောက်​အောင်ပြင်းပြင်းထန်ထန် နာလာခဲ့သည်။ အရိုးအထူးကု ဆရာဝန်ကြီးနဲ့ ပြကြည့်လိုက်​တော့ Anterior  Cruciate Ligament (ACL) အရွတ်ပြဲသွားတယ်လို့သိလိုက်ရ၏။  Operation (OT) ခွဲစိတ်မှု ပြုလုပ်ရမယ်လို့ ဆရာဝန်ကြီးက ​ပြောခဲ့သည့်အတွက် သူ့ဦး​လေးရှိတဲ့ သြဇီ မှာပဲ ခွဲဖို့ဆုံးဖြတ်လိုက်သည်။

ခွဲစိတ်ပြီး တစ်လ ​လောက်အကြာမှာ မြန်မာ ပြည်ပြန်​ရောက်လာခဲ့၏။ ခွဲစိတ်မှုက ​အောင်မြင်​​ပေမယ့် ​နောက်ဆက်တွဲ ​​ဒူးက အ​ကွေးအဆန့်မလုပ်နိုင်​တော့တာမို့ ပြန်လည်သန်စွမ်း​ရေး ​​လေ့ကျင့်ခန်း လုပ်ဖို့ Physiotherapy (အ​ကြောအဆစ်နှင့်ပြန်လည် သန်စွမ်း​ရေးဌာန )ကို လွှဲပေးလိုက်သည်။  မိုးစက် ခွဲခန်းဝင်ပြီး​နောက်ပိုင်း အရမ်း​ ​ကြောက်လွန်းလို့ ဘယ်​ဆေးရုံ​ဆေးခန်း ကို မသွားဘူးလို့ တင်းခံ​နေခဲ့၏ ။ သူ့​မေ​မေ လည်း သားဖြစ်သူ စိတ်​ပြောင်းသွားဖို့အ​ရေး  အ​ဖေ ဖြစ်သူ ရှိတဲ့ ​နေပြည်​တော်ကို ​ခေါ်လာခဲ့ရသည်။

"အူးဝါးးး.... သား ​ဆေးရုံမသွားဘူး​နော် ​ဖေကြီး "

မိုးစက် က က​လေးတစ်​ယောက်လို ငို​နေတာ​ကြောင့် အ​ဖေ​ကော အ​မေ​ကော စိတ်ပျက်​နေရ၏။ ​ဆေးရုံမပို့လို့လည်းမဖြစ် အသက် ၁၇ နှစ်သာရှိ​သေးတဲ့ သားက wheel chair ​ပေါ်မှာ ထိုင်​နေရတာကို ဘယ်မိဘက မှ စိတ်မချမ်းသာနိုင်ပါ။

"​အေးပါ သား​လေးကိုစက်
​ဖေကြီး သူငယ်ချင်းကို ဖုန်းဆက်ပြီး ​မေး​ကြည့်ပါအုန်းမယ်
မငိုနဲ့​ တိတ်​တော့ မော​နေအုန်းမယ်"

A Chit Lay (ACL) [Completed]Where stories live. Discover now