Part 1 (Uni+Zawgyi)

9.8K 355 10
                                    

Uni

"Congratulationss my fri "

"ဘာလဲ "

"ဟီးဟီး
အ​ချေ​ကောင် နင် ရာထူးတိုးပါတယ်
​နေပြည်​တော် ​ပြောင်းရမှာ "

​နေအသင်္ချေ ၊ ယွန်းယုယ ၊ စံ​တော်မှီ တို့က တက္ကသိုလ် မှာထဲက bff ၃​ယောက်ပါ ။ ​ကျောင်း​တွေပြီးသွား​တော့လည်း သုံး​ယောက်သား စင်္ကာပူ ထွက်ပြီး အလုပ်လုပ်ကြသည်။ မခွဲအတူသူငယ်ချင်းအရင်း​တွေပါ။ ​မောင်နှမ အရင်း​တွေ ထက်​တောင် ပိုပြီး ရင်းနှီးကြ​သေး၏။ ယုယနဲ့ အမှီ တို့က စင်္ကာပူမှာ ၃နှစ်​လောက်အလုပ်လုပ်ပြီး​တော့ အိမ်က မိဘ ​တွေက ပြန်​ခေါ်တာ ​ကြောင့် ​မြန်မာ ပြည် ပြန်လာခဲ့ကြသည်။ အသင်္ချေ တစ်​ယောက်သာ စလုံးမှာ ကျန်ခဲ့ ၏။ အ​ချေ​ကောင်ရဲ့ အတွယ်အတာက စလုံးမှာမို့ ​အေး​အေး​ဆေး​ဆေး ချစ်သူနားမှာ ​နေခဲ့တာဖြစ်သည်။ အမှီနဲ့ယုယ က​တော့မြန်မာပြည်ပြန်လာပြီး ​ရွှေဘုန်းတို့ GAG လုပ်ငန်းစုက ပိုင်တဲ့ Golden Apex International Hospital (GAIH , YGN) မှာ အလုပ်ဝင်လုပ်ကြ၏။ အမှီ့ မိဘ​တွေက ​နေပြည်​တော်က ဝန်ထမ်း​တွေမို့ အမှီ က( ​GAIH , NayPyiTaw )ကို ​​​ပြောင်းလိုက်သည် ။ အသင်္ချေ က ​တော့ ယုယတို့ပြန်လာပြီး ၂ နှစ်​လောက်ကြာ မှ မြန်မာပြည်ပြန်လာ၏။ ဘာဖြစ်ပြီး ပြန်လာသည်​တော့ ​ထုံးစံအတိုင်းမေးလို့မရ ။ ပြန်လာပြီးမှ ယုယ ရှိတဲ့​ဆေးရုံမှာ အလုပ်ဝင်သည်။ အခု​တော့ Senior Physiotherapist အ​ကြောအဆစ်ပညာရှင် (senior PT ) အ​နေနဲ့ ရာထူးတိုးပြီး ​ပြောင်းရ၏။

"အဲ့​တော့ လည်းသွားရုံ​ပေါ့ "

"ဟယ် ငါက ..."

"ငါက ဘာဖြစ်လည်း ဆက်​ပြော​လေ"

"နင် အဆင်မ​ပြေမှာဆိုးလို့
ရဲမာန် က အဲ့မှာ ​နော် "

"အဲ့​တော့ ...."

အ​ချေ​ကောင် အဲ့လို​ကောင်ပါဆို ။ သူငယ်ချင်းဖြစ်တဲ့သူက သာ စိတ်ပူ​နေတာ သူက ​အေး​​အေး​ဆေး​ဆေး ဘာမှမဖြစ်သလိုမျိုးပါ ။

​"အေးပါ နင် အဆင်​ပြေရင် ပြီးတာပဲ ငါက နင် အဆင်မ​ပြေမှာဆိုးလို့ "

"ငါက ဘယ်နား​နေ​နေ ဘယ်သူနဲ့မှ အဆင်မ​ပြေဘူး စိတ်ချ "

"အမ် !!!!အ​ချေ​ကောင် ဒီက အ​ကောင်းမှတ်လို့ "

A Chit Lay (ACL) [Completed]Where stories live. Discover now