Part 37 (Uni+Zawgyi)

2.4K 81 8
                                    

Uni

"အ​ချေ​ကောင် နင်အခုတ​လော ဘာဖြစ်​နေတာလဲ ဖုန်းတကြည့်ကြည့်နဲ့" (ယုယ)

"က​လေး​ပေါ့ဟာ "(အသင်္ချေ)

အသင်္ချေ ​ဆေးခန်းထိုင်ရင် ဖုန်းလုံးဝထုတ်မကြည့်တတ်ပါဘူး။ဒါ​ပေမယ့် အခုတ​လော က​လေး​ကြောင့်အမြဲဖုန်းထုတ်ကြည့်ဖြစ်​နေရသည်။ က​လေးကအခုတ​လော အလုပ်​တွေ​နောက်ကျမှ ပြီးတတ်တာမို့ပါ။ မနက်ဆိုလည်း အ​စောကြီးထသွားပြီးညဆိုလည်းနောက်ကျမှ ပြန်လာတတ်တာမို့ က​လေးနဲ့မျက်နှာချင်းမဆိုင်ရတာ​တောင် ၁၀ရက်​လောက်ရှိ​နေပါပြီ။အလုပ်လုပ်တာကို မ​ပြောချင်​ပေမယ့် လွန်လွန်ကြူးကြူး လုပ်​နေတာက​တော့ သူ့အတွက်အဆင်​​ပြေမ​နေပါဘူး။ ​လော ဘ​တွေကြီးမ​နေနဲ့ ​ပြောရင်လည်း ​ဒေါသကထွက်အုန်းမှာမို့ မ​ပြောဘဲထားလိုက်တာက ပိုပို ဆိုး​နေ​တော့သည်။

"နင်က​လည်း ​မောင်​လေးက ကြိုးစား​နေတာကို ဘာဖြစ်​နေတာလဲ "(ယုယ)

​"အေး​လေ င​နေရယ် နင်ဆိုသည်မှာလည်း " (အမှီ)

"နင်ကလည်း ငါတို့က ချစ်သူ​တွေဟ
အတူတူ ​ပျော်ချင်​သေးတာ​ပေါ့
နင်တို့​ကိုပြောလဲသိမှာ မဟုတ်ပါဘူး "(အသင်္ချေ)

​​"သေနာ ငါတို့က အ​ကောင်း​ပြောတာကို "(ယုယ)

"ဟုတ်ပ ​မောင်​လေးကို သိပ်မရစ်နဲ့ဟိုကအသစ်ရှာသွားလို့ ကျန်ရစ်ဖြစ်​နေမယ် "(အမှီ)

သူငယ်ချင်းမနှစ်​ယောက်ရဲ့ဝိုင်းသမမှုကိုကောင်း​ ကောင်းခံလိုက်ရ၏။ သူ​ပြောတာလည်း မမှားဘူး​လေ ။ ချစ်သူ​တွေဆိုတာ ကြည်ကြည်နူးနူးတစ်တီတူးချင်တာ​ပေါ့​လေ ။ အပျိုကြီး​တွေကမသိဘဲလာ​ပြော​​နေတာမို့အသင်္ချေစိတ်ဆိုးရသည်။ က​လေးနဲ့ထမင်းအတူမစားရတာတောင် ကြာ​နေပြီ​လေ ။သူ့ကိုပစ်ထားတဲ့က​လေး​ပေါက်စကို စိတ်မဆိုးချင်တာမို့ မ​ပြောဘဲထား​ပေမယ့် ရင်ထဲက အလိုမပြည့်မှု့များကို​​တော့သီးမခံနိုင်ဘူး​လေ ။

ဆေးခန်းက ပြန်​ရောက်ပြီး အိမ်​ရောက်​တော့လည်း တစ်​ယောက်ထဲပျင်း​ခြောက်​ခြောက်ရယ်ပါ ။ သူ့ဘဝသူ​တောင် သနားလာ​တော့သည်။ ​ညစာလည်း မစားချင်တာမို့ ​ရေခဲ​သေတ္တာ ထဲက beer ၃ဗူးကို အာလူး​ကြော်ထုပ်နဲ့မြည်းကာ ဇိမ်ခံ​နေလိုက်သည်။ က​လေးကအရက်​တွေ ၊ beer ​တွေ​သောက်တာ မကြိုက်​​ပေမယ့် အ​ဖော်မဲ့​​နေ​တော့အရက်ကိုအ​ဖော်ပြုရတာ​လေ ။ က​လေးကမှ အ​ဖော်ပြုမ​ပေးတာ ။ သူလည်းသူကြိုက်တာ သူလုပ် ကိုယ်လည်း ကိုယ်ကြိုက်တာ ကိုယ်လုပ်ဖို့ ​တွေးရင်း TV က လာတဲ့ world cup ပွဲကြည့်ကာအပျင်း​ဖြေလိုက်​တော့သည်။

A Chit Lay (ACL) [Completed]Where stories live. Discover now