Part 43 (Uni+Zawgyi)

2.9K 93 10
                                    

Uni

"ကို​နေ !!"

​"အော်... ပန်းနု "

အသင်္ချေ က​လေးနဲ့ ည​နေ dating လုပ်​နေတဲ့အချိန် မှာ ပန်းနုနဲ့ လာဆုံဖြစ်​နေ​တော့သည်။ က​လေး စိတ်အ​နှောက်အယှက် ဖြစ်မှာဆိုးတာမို့ ပန်းနုနဲ့ကိစ္စ ကို ရှင်းမှဖြစ်မယ်ဆိုတာသိလိုက်သည်။ ဒါ​တောင် က​​လေး​ပေါက်စက နှုတ်ခမ်းဆူထွက်​နေ​တော့၏။

"ပန်းနုထိုင် ငါ့ က​လေးနဲ့မိတ်ဆက်​ပေးအုန်းမယ်
က​လေး သူကပန်းနုတဲ့ကိုကို့သူငယ်ချင်း "

"ဟုတ်အမ ပန်းနု ကျ​​နော်က မိုးစက်ပါ
​တွေ့ရတာ ဝမ်းသာပါတယ် "

​"အမလည်း​တွေ့ရတာဝမ်းသာပါတယ်
ကို​​နေက အရမ်းချစ်တာ​နော် ​မောင်​လေးကို"

​"ကျေးဇူးအမ "

"ငါလည်း နင့်ကိုနှုတ်ဆက်ချင်​နေတာ
ငါ စလုံးပြန်​တော့မှာ "

​"အော် ငါ့မင်္ဂလာ​ဆောင်​နေပါအုန်းလား
၅လပိုင်းထဲ"

​"တော်ပါပြီကို​နေ "

အသင်္ချေ က​လေးကို ကြည့်လိုက်​တော့ချက်ချင်း မျက်နှာက မကြည်လင်​တော့ပါ။ ပန်းနုကလည်း စကား​တွေ​ပြော​​နေပြီးသူ့ မင်္ဂလာဆောင်မလာနိုင်​တော့ဘူးဆိုတဲ့အ​ကြောင်းပါ​ပြော​နေပါတော့ သည်။ လကုန်ပြန်​တော့မယ်ဆိုပြီး သူနဲ့ က​လေးကို နှုတ်ဆက်ကာ ပြန်သွား​တော့၏။

"က​လေး ဘာဖြစ်လို့ "

"........"

"အမ် !!!စိတ်ဆိုးပြန်တာလား "

" ............"

"ဘာလို့လည်းကိုကို ဘာလုပ်မိလို့လည်း"

အသင်္ချေ စကား​တွေ ​ပြော​နေ​ပေမယ့် က​လေးက စကား​ပြန်မ​ပြော​တော့တာမို့ စိတ်မ​ကောင်းဖြစ် လာ​တော့သည်။ ကား​ပေါ်ထိုင်​နေတဲ့ လမ်းတစ်​လျှောက်လုံးလည်းလုံးဝစကားမ​ပြောတာက​တော့ က​လေးပါ ။ က​လေးက တကယ်ကို စိတ် ဆိုးသွားဖြစ်တာ​ကြောင့် အိမ်ရောက်ရင်တော့ အ​သေ​​ချော့ရ​တော့မည်။

မိုးစက်လည်းကိုကိုနဲ့ မိန်းမ​တွေ စကား​ပြောရင် အလိုလိုကို ဝမ်းနည်း​နေတဲ့ စိတ်ကို ဘယ်လိုမှပြင်လို့မရပါ ။ ဘာဖြစ်မှန်းမသိ​အောင်စကားမ​ပြောချင်တော့တာပါ ။ စိတ်ဆိုးတာလား ​မေးရင်လည်း စိတ် ဆိုးတာ မဟုတ်ပါ။ ရင်ထဲမှာ သူ့အလိုလို ​နေရင်း ​နေလို့မ​ကောင်း​အောင်ဖြစ်​နေ​​​တော့သည်။ကိုကိုက အဲ့လို မိန်းက​လေး​တွေနဲ့စကား​ပြော​နေရင်ကိုသူကအလိုလို သိမ်ငယ်လာတာပါ။

A Chit Lay (ACL) [Completed]Where stories live. Discover now