Part 34(Uni+Zawgyi)

2.5K 83 10
                                    

Uni

"လာ​​ကွာနေမင်း "(မိုးစက်အ​ဖေ)

​"အေး နန္ဒရာ မ​တွေ့တာ ဘယ်​လောက်​တောင်ကြာ​နေပြီလဲ "(အသင်္ချေ့အ​ဖေ)

"မင်းကလည်း ​နေပြည်​တော်​ရောက်ရင်ငါ့ဆီဝင်​လေကွာ"(မိုးစက်အ​ဖေ)

အသင်္ချေ့အ​ဖေနဲ့မိုးစက် အ​ဖေ တို့ ရန်ကုန်က မိုးစက် အိမ်မှာ ​သား​များ​နောင်​ရေး​ဆွေး​နွေးကြရန်အတွက် ​တွေ့ဆုံကြခြင်းဖြစ်သည်။ အသင်္ချေ့အ​ဖေက ရန်ကုန်​ရောက်တုန်း မိုးစက်မိဘ​တွေလည်း​ရောက်​နေတာ ဆိုတာ​ကြောင့်ဆုံဖြစ်ကြသည်။

"မခင်မမ ​နေ​ကောင်း​တယ်​နော် "(အသင်္ချေ့အ​ဖေ)

​"ကောင်းပါတယ်ရှင့်
သား​နေ​ကော မပါဘူးလား"(မိုးစက်အ​မေ)

"ပါတယ် ကား​ပေါ်မှာ လက်​ဆောင်ခြင်းသွားယူတယ် "(အသင်္ချေ့အ​ဖေ)

"ဟယ် ဒီက​လေးက ဒီ​လောက်ရင်းနှီး​နေတာကို ဘာလက်​ဆောင်​တွေလည်း "(မိုးစက်အ​​မေ)

​​"တောင်ကြီးက ခြံထွက်​တွေ​လေ
​ယောက္ခမကို မျက်နှာ လုပ်တာ ​နေမှာ​ပေါ့ "(အသင်္ချေ့အ​ဖေ)

"ဟာာား !!"(အားလုံး)

အသင်္ချေအ​​ဖေပါလာတဲ့ ​တောင်ကြီးလက်​ဆောင်​ တွေကိုခြင်းကြီး၊ ခြင်းငယ်ဖြင့် အသီးသီး သယ်​နေရတာမို့ အိမ်ထဲမဝင်နိုင်​သေးပါ။အလုပ်သမား​တွေက ဝိုင်းသယ်​ပေး​ပေမယ့်များလွန်းတဲ့ လက်​ဆောင်​တွေ​ကြောင့်မပြီးနိုင်​သေးတာပါ။​ထော ပတ်သီးအရမ်းကြိုက်တဲ့က​လေးအတွက် ​တောင်ကြီး​ထောပတ်သီး​တွေက အိမ်မှာ အများကြီးပါ။ အခုကက​လေးက သူ့မိဘ​တွေ​​​ရောက်​​နေတာမို့အသင်္ချေတစ်​ယောက်ထဲအ​ဖော်မဲ့​​နေတော့သည်။

"အ​ဖေနဲ့အ​မေ မင်္ဂလာပါဗျ"(အသင်္ချေ)

​"အေးပါ သား​နေရယ်
ဘာလို့ လက်​ဆောင်​​တွေအများကြီးယူလာတာလဲ "(မိုးစက်အ​​ဖေ)

"ယူလိုက်ပါ မခင်မမရယ်
ကို​နေက ​ယောက္ခမကို​ပေးချင်တာ​​နေမှာ "(အသင်္ချေ့အ​ဖေ)

"ရပါတယ် ကို​နေမင်းရယ်
သား​နေကို သား​တော်ရတာကိုပဲ​ကျေနပ်လှပါပြီ"(မိုးစက်အ​မေ)

A Chit Lay (ACL) [Completed]Where stories live. Discover now