Part 3(Uni+Zawgyi)

4.7K 228 12
                                    

Uni

"အကို ဘာ​သောက်မလဲ "

​"ပေါ့ဆိမ့်တစ်ခွက်
​ပေါင်မုန့်ကြက်ဥ​ကြော် သကြားမထည့်နဲ့ နို့စိမ်း စမ်းပေးပါ"

"ဟုတ်ကဲ့အကို "

အသင်္ချေ ဒီ​နေ့ အိပ်ယာထ ​စောတာကတစ်​ကြောင်း ​သောကြာ​နေ့မို့ ​ရေခဲ​သေတ္တာထဲမှာ စားစရာ ဘာမှ မရှိတာကတစ်​ကြောင်း လ္ဘက်ရည်ဆိုင် ​ရောက်လာခဲ့သည်။

📲 Buzz~

​📞အေး​ပြော
အ​ချေ​ကောင် ငါဒီအပတ်ပိတ်ရက် ​နေပြည်​တော်လာမလို့

📞ဘာလာလုပ်မှာလဲ

📞နင့်ကိုလွမ်းလို့ ..ဟီးးးး

ယုယ​ပြောလိုက်တဲ့ကြက်သီးထစရာ စကားများက ယုံစရာမရှိပါ။ ယုယနဲ့အမှီ က အသင်္ချေကို ​ယောကျာ်းတစ်​ယောက်လို့ကို သ​​ဘောမထားတာမို့ပါ ။ အရာ အားလုံးပွင့်ပွင့် လင်းလင်း​မောင်နှမ အရင်း​တွေ လိုပါ ။ အသင်္ချေက လည်းဒီနှစ်​ယောက် ထဲက တစ်​ယောက်​ယောက် ကို​ရွေးပါဆို သတ်သေပစ်လိုက်မည်။ အဲ့လောက်ကိုပြတ်သားတာ ။

​📞ဝေါ့
​​စော​စောစီးစီးရွံ့စရာ စကား​တွေ မ​ပြောပါနဲ့ဟာ
ငါ​ကြောက်လွန်းလို့

​📞သေနာ
ငါတို့ဆုံမယ်​နော်
နင့်ဇယား​တွေအားလုံးရှင်းထား ကြားလား

​📞အေးပါ

ယုယ လာမည်ဆိုပြီး သတင်းရထားတာ ကြာပါပြီ။ အခုမှသူငယ်ချင်း​လေး တကယ် လာဖြစ်​တော့သည်။ သူလည်းရန်ကုန်မှာ တစ်​ယောက်ထဲ ပျင်း​နေတဲ့သ​ဘောရှိသည် ။ အသင်္ချေ မရှိထဲက သွားစရာ လာစရာ အ​ဖော်မရှိတာမို့ ။ ဒီဟာ​လေး နှစ်​ယောက်မြန်မြန် ရည်းစားရမှ ဖြစ်မည် ။ ဒီတိုင်းဆို အသင်္ချေတို့ ​အေး​အေး​ဆေး​ဆေး ​နေရတယ်မရှိ ။ အ​ကြောင်းမရှိ အ​ကြောင်းရှာ ကာ ဒုက္ခ ​ပေးတတ်​သေးသည်။

"ဟမ်!!!
ဆရာ​နေ ပါလား "

မိုးစက်နဲ့ကိုအာကာ ​အိမ်ကနေ ဆေးရုံ ထွက်လာတာ ​စော​နေတာ​ကြောင့် လ္ဘက်ရည်ဆိုင်ဝင်ထိုင်လိုက်၏ ။ ဖုန်းဆက်ပြီး ရယ်ရယ်​မော​မော ​ပြော​နေတဲ့ ဆရာ့ကို ​တွေ့လိုက်ရသည်။ ဆရာ က သူ့​ရှေ့မှာ အဲ့လို မရယ်ဘူးတာမို့ ရယ်လိုက်​တော့ ​မေးမှာရှိတဲ့ အချိုင့်​လေးက​ပေါ်လာသည်။ တကယ်ကို ဆွဲ​ဆောင်မှုရှိတဲ့ရုပ်ရည်မျိုး ဖြစ်သည် ။ မိန်းက​လေး​တွေ မ​ပြောနဲ့ ​ယောကျာ်း​လေး​တွေ​တောင် ​ငေးရတဲ့စတိုလ်။ အခုလည်း ကြည်လိုက် အုန်း ဂျင်း​ဘောင်းဘီ အနက် နဲ့ body fit ရှပ်လက်ရှည် မီးခိုး​ရောင်အစင်းကို ​ဘောင်းဘီထဲထည့်ပြီးဝတ်ထား၏။ စီး​နေကြ sneaker အနက်အစား all star converse အနက်ကို စီးထားပြန်သည်။ အင်္ကျီလက်ကို တစ်​ထောင်ဆစ်အထိ ​ခေါက်တင်ထားတာ​ကြောင့် ​ယောကျာ်းဆန်လှ​သော အသားအရည်​က အထင်းသား ။ လက်တစ်ဖက်က လ္ဘက်ရည်ခွက်ကို ကိုင်ပြီး တစ်ဖက်က ဖုန်းကို ကြည့်​နေသည်။ မိုးစက် ဆရာ့ကို​ငေးကြည့်​နေရင်း ခုံ​ပေါ်မှာ ချထားတဲ့ လ္ဘက်ရည်ခွက်တောင်​အေးသွား၏။

A Chit Lay (ACL) [Completed]Where stories live. Discover now