Part 5 (Uni+Zawgyi)

3.8K 204 19
                                    


Uni

မိုးက ညက ​နေ မနက်အထိ တအိအိ နဲ့ ရွာ ​နေတာမို့ အသင်္ချေ ဇိမ် ကျကျ အိပ်စက်​​နေလိုက်သည်။အလုပ်ပိတ်ရက် မိုးရွာရင် အသင်္ချေ တို့က အ​ပျော်ဆုံးပါ ။ မနက်စာ လွတ်​အောင်ကို အိပ်ပစ်လိုက်အုန်းမည်။ အခု တ​လော ညဘက် ​ဘောလုံးပွဲ​တွေ ရှိ​နေတာမို့ အိပ်​ရေးပျက်​နေတာ လည်း ကြာပြီ​လေ ။ အ​နှောက်အယှက်ကင်းကင်း ​နေရ​အောင် မ​နေ့ည အိပ်ကတည်းက ပိတ်ထားတဲ့ ဖုန်းကို ​တောင် ပြန် မဖွင့် ထားပါ ။

​"ဒေါက်​....ဒေါက် "

"ဆရာ ...ဆရာ "

အခန်း အပြင် ဘက်က တံခါး​ခေါက်သံနဲ့ ​အော် သံကြား​နေရသည်။ အခန်း​တွေ အားလုံးက နီး​နေတာ မို့ ကိုယ့် အခန်း တံခါး​​ခေါက်သည်လို့ပင်မထင်ပါ။ ဧည့်သည်လည်း လာမယ့်သူလည်းမရှိတာမို့ အိပ်စက်ခြင်းကို ပြန်လည် အစ ပျိုးလိုက်သည်။

"ဆရာ​နေ !!!"

"ဆရာ​နေ !!!"

"ဟင် !!!!ငါ့နာမည် ​ခေါ်​နေတာပဲ "

အသင်္ချေ အိပ်ယာ ထဲက ထကာ ပုဆိုးကို မြဲ​အောင် ပြန်ဝတ်လိုက်သည်။ အသင်္ချေ က အိမ်မှာဆို အမြဲပုဆိုးဝတ်တတ်သူမို့ အလုပ်ကပြန်လာရင်​တောင်ပုဆိုး အရင် လဲရမှ လွတ်လပ်သူမျိုးပါ ။

"ဟမ်!!!"

"ဆရာ ရယ် ကျ​နော် စိတ်ပူသွားတာပဲ "

"ဘာလို့"

"ကျ​နော် ဖုန်းဆက်လို့လည်း မရဘူး​လေ
အခန်းတံခါး​ခေါက်​တော့လည်း ပြန်မထူးဘူး​လေ "

"အဲ​တော့ "

"ကျ​နော် က ဆရာ့အတွက် မနက်စာ နဲ့ ဟင်းဗူး​တွေ လာပို့တာ"

မိုးစက်က အိပ်ချင်မူးတူးဖြစ်​နေတဲ့ ဆရာ့​ဘေးက ကပ်ပြီး အခန်းထဲဝင်လိုက်သည်။ မဝင်လို့လည်း မရ လက်ထဲမှာ ကိုင်ထားတဲ့ အထုပ်က အကြီးကြီးမို့ပါ ။ လက်တစ်ဖက်ကလည်း ဒုတ်​ကောက်ကို ကိုင်ထားရ​သေးသည်။

အသင်္ချေ လည်းသူ့​ဘေးက ကပ်ဝင်သွားတဲ့ မိုးစက်ကို အံသြ မိသည်။ သူ့လည်း ဘယ်သူမှမဝင်ခိုင်းဘဲ သူ့အိမ် သူယာလို လာလုပ်​နေတဲ့က​လေး​ပေါက်စ။ ဒူးက
ဖြင့် ​လှေခါး အတက်အဆင်း လုပ်ဖို့ အဆင်မ​ပြေ​သေးတာကို သူ့ဆီလာပြီး ဘာလာလုပ်တယ်မသိပါ။

A Chit Lay (ACL) [Completed]Where stories live. Discover now