Part 15(Uni+Zawgyi)

3.6K 136 10
                                    

Uni

"က​လေး​ရေ သွားမယ် ကိုယ်က​နောက်ကျ​နေရင်မ​ကောင်းဘူး "

"ဟုတ်ကဲ့ကိုကို လာပြီ"

ဒီ​နေ့ ကိုကို့ သူငယ်ချင်းနှစ်​ယောက်ရယ် မိုးစက်သူငယ်ချင်းနှစ်​ယောက်ရယ်ကို  dinner  ဖိတ်​ကျွေးဖို့ ချိန်းထားတာဖြစ်သည်။အ​ကြောင်းက​တော့ကိုကိုနဲ့ချစ်သူဖြစ်သွားကိုပြောဖို့အတွက်ပါ ။ ကိုကို က​တော့ ထုံးစံအတိုင်း ပုဆိုးနဲ့ polo shirt အနက်​ရောင်​လေး ဝတ်ထား၏။ မိုးစက်က​တော့ style pants အနက်အပွ နဲ့ T shirt အဖြူကို ဝတ်ထားလိုက်သည်။ ကိုကိုက အတို​တွေ အကျပ်တွေ မဝတ်ရဘူးလို့ တားမြစ်ထားတာမှာ မိုးစက်က ​နောက်ပိုင်း free style ​တွေသာ ဝတ်ခွင့်ရ​တော့သည်။ dinner သွားတာကိုတောင် ပုဆိုးကို သာ ဝတ်တဲ့ လူကြီးက​တော့ မိုးစက်ရဲ့ပိုင်ဆိုင်မှုပါ ။ ကိုကို့  ပုံစံ ၊ ကိုကို့ ရပ်အ​မောင်းကပုဆိုးနဲ့အရမ်း​တွေ လိုက်ဖက်​နေတာမို့ ကိုကို ပုဆိုးဝတ်ရင် မိုးစက်သ​ဘောအကျဆုံးပါ ။

​"ရော့က​လေး ထည့်ခဲ့​ပေးအုန်း "

ကိုကို က ဘယ်သွားသွား ဖုန်းနဲ့ပိုက်ဆံအိတ်က မိုးစက် shopping bag ထဲထည့်​​နေကျပါ ။ ကိုကို့ ကား​ပေါ်တက်လိုက် တာနဲ့ ကိုကို့ အကြိုက် Michael Learns ရဲ့သီချင်း ထွက်​​​ပေါ်လာ​တော့သည်။

🎵🎶 The Milky Way upon the heavens
Is twinkling just for you
And Mr. Moon he came by
To say goodnight to you

I’ll sing for you I’ll sing for mother
We’re praying for the world
And for the people everywhere
Gonna show them all we care

Oh my sleeping child, the world’s so wild
But you’ve built your own paradise
That’s one reason why I’ll cover you sleeping child🎵🎶

"ကိုကို့ သီချင်း​လေးက မိုက်တယ်
Michael learns ကြိုက်တာလား "

​"မေ​မေ ကြိုက်တာ "

ကိုကိုက ​ပြောရင်းမျက်နှာညိုးသွားတာမို့ မိုးစက် ကား​မောင်း​​နေတဲ့ကိုကို့ လက်တစ်ဖက်ကို ဆုပ် ကိုင်​ပေးပြီး နှစ်သိမ့်လိုက်သည်။

"Sorry ကိုကို က​လေးက ဒီတိုင်း​မေးလိုက်တာ"

"ရပါတယ် ​မေ​မေ နဲ့အတူတူ သီချင်း​တွေ နား ထောင်ရင်းနဲ့ ကိုကို ရင်းနှီး ခဲ့တဲ့ သီချင်း​​​တွေပေါ့ "

"​အော်"

"ကိုကို တစ်​ယောက်ထဲ ​နေခဲ့တုန်းက ဒီသီချင်း​တွေ နား​ထောင်ရင် အ​ဖော်မဲ့သလို မခံစားရဘူး "

A Chit Lay (ACL) [Completed]Where stories live. Discover now