Part 24 (Uni+Zawgyi)

2.6K 100 14
                                    

Uni

"လာ သား​နေ အိမ်ထဲဝင်ပါအုန်း"

"ဟုတ်ကဲ့ပါ အ​မေ "

အသင်္ချေတစ်​ယောက်မနက်အ​စောထပြီးကား​မောင်းလာတာ နေပြည်တော်သို့​ ၁၁ နာရီ​လောက်ရောက်လာခဲ့သည်။ က​လေးကို အဆက်အသွယ် မရတာကတစ်ကြောင်း ၊ တစ်​နေ့က stake ဆိုင်မှာ သူစခဲ့တာ ပိုစိတ်ဆိုးသွားတာကတစ်ကြောင်းချော့ဖို့အရိပ်အ​ယောင်ပင်မ​တွေ့ရပါ ။ သူလည်းက​လေးကို ​ချော့မရတဲ့အဆုံးသီတင်းကျွတ် holiday ​လေးကို တစ်​ယောက်ထဲဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်သည်။ ရန်ကုန်အိမ်ကကြီးကြီးဖြူ ကိုကန်​တော့ပြီး လမင်းတို့ ​မောင်နှမနဲ့ ခြံ​စောင့်ဦး​လေးကြီး​တွေကိုသီတင်းကျွတ်မှန့်ဖိုးတစ်​ယောက် ၅သိန်းစီ​ပေးလိုက်ပြီးပိတ်ရက် အိမ်ပြန်ခိုင်းလိုက်သည်။ရန်ကုန်အိမ်ကိုပိတ်ထားလိုက်ပြီးသူလည်း ​အဖေ ရှိရာ ​တောင်ကြီး ကိုသွား​နေမည်။အခုကနေပြည်​တော်က ​ယောက္ခမတွေကိုဝင်ကန်​တော့တာဖြစ်သည်။ သူ့သားကကိုယ့်ကိုစိတ်ဆိုး​​​​နေ​ပေမယ့်ကိုယ်က​တော့ ဝတ္တရားမပျက်ပါ ။ အကြီးဖြစ်ပြီး က​လေးနဲ့အပြိုင်စိတ်ဆိုးမိတဲ့သူ့ကိုယ်သူပဲ အပြစ်တင်​နေမိသည်။ တကယ်ဆို ဒီအချိန်​တွေက သူတအား​ပျော်​နေရမယ်အချိန်​တွေပါ။

"သား​နေ ဘယ်လိုလဲ ကိုစက်နဲ့ ရန်ဖြစ်ထားကြပြန်ပြီလား "(မိုးစက်အ​​ဖေ)

"ဟာား အ​ဖေ​တောင်သိ​နေတယ် "

"သိတာ​ပေါ့ကွာ
အခု ကိုစက် အိမ်မှာ ​ရောက်​နေတာ ၃ရက်​လောက်ရှိပြီ "(မိုးစက်အ​​ဖေ)

"ဗျာ !!!"

မ​တွေ့​အောင်ပုန်း​နေတဲ့က​လေး​​လေးကိုဖမ်းမိဖို့ လက်တကမ်းအလိုပါ ။ က​လေးကနေပြည်​တော်မှာသူ​ဆောက်​နေတဲ့ eco resort project အတွက် လာကြီးကြပ်​နေတာတဲ့ပြီး​တော့ သူ့ကိုလည်းပုန်းနေတာ​ပေါ့။ တကယ့်က​လေးဆိုး​လေးပါ။ သူသာနေပြည်​တော်ကအ​ဖေနဲ့အ​မေဆီ မလာဖြစ်ရင် က​လေးကို ဖမ်းလို့မိမှာ မဟုတ်ပါ ။ သူ့ secretary က လည်း သီတင်းကျွတ်ပိတ်ရက်အိမ်ပြန်​နေတာမို့ က​လေးအ​ကြောင်းမေးလို့မရပါ။အခု​တော့အသင်္ချေ အ​ပျော်ကြီး ​​ပျော်သွားတာ ​ယောက္ခမ​တွေ​တောင်ရိပ်မိ​နေ​လောက်သည်။ က​လေးနဲ့ စိတ်ဆိုးတာ ၁၀ရက်​ကျော်ပြီ​လေ။ ဘယ်လိုမှ ​ချော့မရအဆုံး​တောင်ကြီး​ရောက်ရင်​တော့ ​အ​ဖေ့ကို အကူအညီ​တောင်းဖို့​တောင် ဆုံးဖြတ်ထား၏။ သူ့သာ မ​ခေါ်တာ အသင်္ချေ့​အ​​ဖေကိုတော့ ဖုန်းဆက်မပြတ် လိုအပ်တာ ပို့​ပေး​နေတဲ့ အိမ်ရှင်မ​လေးပါ ။ သူ့ကို​တော့ ဒီတစ်ခါ ကိစ္စ ကိုဘယ်လိုမှ စိတ်ဆိုးမ​ပြေနိုင်တာမို့ အသင်္ချေ​တောင် ​ကြောက်မိ​နေ၏။ အရင်ကက​လေးဆိုတာ စိတ်ဆိုးရင်​တောင်တစ်ရက်နှစ်ရက်​​နေ ပြီးရင် ​အော်တို သူ့ဟာသူ လာ​ချော့​နေကြမို့ ပါ။

A Chit Lay (ACL) [Completed]Where stories live. Discover now