Part 47 (Uni+Zawgyi) Extra 2

1.2K 56 8
                                    

Uni

"ဆရာ​နေ !!!
ကျ​နော် အိမ်ပြန်မယ် "

"ဟာာ "

အသင်္ချေအကြီးအကျယ်ဒုက္ခ​​ရောက်​နေတာ​တော့သူ့ကြောင့်က​လေးစိတ်ဆိုးပြီး အိမ်ပြန်မယ်ဆိုတာကြီး​ပြော​နေ၏။ ​အဖေကလည်း ဒီရက်ပိုင်း သူ့​ရွှေတွင်း​တွေ​ကြောင့် အိမ်ခဏပြန်သွား၏။ အ​ဖေရှိတယ်ဆိုရင် က​လေးက အဲ့​လောက် အ​ပြောရမခက်ပါဘူး။ သူကသာ မ​ချော့တတ်တာ အ​ဖေက ​ချော့တတ်တာမို့ပါ ။

📞Hello ကိုအာကာ ကျ​နော့်ကို လာ​ခေါ်​ပေး

ကိုကိုကလိုက်မပို့ဘဲသူ့ကို ​ချော့ပြီး​ဆေးခန်းသွားတာမို့ကိုကို မရှိတုန်း အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်၏။ ကိုကို့ကို စိတ်ဆိုးတာ အ​ကြောင်းက​တော့ သူတို့ အိမ်အထိ ​ရောက်လာတဲ့ ​ဆေးကုမ္ပဏီက မန်​နေဂျာမ​လေး​​ကြောင့်ဖြစ်၏။ အရမ်း​ချော​မော လှပပြီး သူ့ထက်​တောင် ငယ်​သေးတဲ့​ကောင်မ​လေးကို ဘယ်အချိန်အလုပ်ခန့်လိုက်သည်မသိပါ ။ အခု​တော့ အိမ်လာပြီး စာရင်း​တွေ စစ်မှသာ သိလိုက်ရတာ​ကြောင့် မိုးစက်ဘယ်လိုမှ မ​ကျေနပ် နိုင်ပါ ။ ကိုကို​တော့ ထုံးစံအတိုင်း သူမှန်တယ်​ပေါ့ ။

"ကို စက် ကျ​နော် ဘာ​တွေ သယ်​ပေးရမလဲ"

"ရတယ် ကိုအာကာ
ဘာမှမယူဘူး သူဝယ်​ပေးထားတာ​တွေ လည်း မလို ချင်​တော့ဘူး "

ကိုအာကာကကိုစက်ကိုကြည့်ပြီးပြုံးမိလိုက်သ ည်။ မကြာခင် ပြန်မယ်ဆိုတဲ့သ​​ဘော​တွေ ​တွေ့​နေရတာ​ကြောင့်ပါ ။ ဘာပစ္စည်းမှမသယ်ဘူးဆို​တော့ သူလည်း သိသင့်သ​လောက် သိပါ၏။ ကိုစက်ဆိုတာ အငယ်​လေးထဲက ထိမ်းလာတဲ့သူမို့ပါ ။ ဆရာ​နေတစ်​ယောက်ထဲပဲ ချစ်ခဲ့ပြီး ဆရာ​နေနဲ့ပဲ အဆုံးသတ်ခဲ့တဲ့ သူမို့ပါ ။

"က​လေး​ရေ!!!
က​လေး​လေး "

"ကြီးကြီး က​လေး​ကော "

"သူ့အိမ်ပြန်သွားတယ်
ငို​နေတယ် သား​နေ
ဘာဖြစ်ကြတာလဲ"

"ဗျာ !!"

အသင်္ချေလည်းကြီးကြီးကိုနှုတ်ဆက်ကာက​​လေးနောက်လိုက်သွားရ၏။ က​လေးက တကယ်ကိုစိုးလာတာပါ။ဟော်မုန်းအ​ပြောင်းအလဲ​ကြောင့်မို့ အတတ်နိုင်ဆုံး က​လေးကို အ​ချော့​ပေးပြီးသားပါ ။ဒါ​ပေမယ့် က​လေး ရဲ့ ကိုယ်ဝန်​ဆောင်​နေရတဲ့အချိန် စိတ်အားငယ်မှုက ပိုစိုးလာတာမို့ သူလည်း စိုးရိမ်မိလာ​တော့သည်။

A Chit Lay (ACL) [Completed]Where stories live. Discover now