Part 32(Uni+Zawgyi)

2.4K 90 13
                                    

Uni

"ဝါးးး အိပ်လို့​ကောင်းလိုက်တာ "

မိုးစက် ​တစ်​ယောက် ကိုကို့ ဖေ​ဖေပြန်သွားပြီးထဲက ကိုကို့အိမ်မှာ​သောင် တင်​နေ​တော့သည်။ ​ဖေ​ဖေက သူ့သားအနားမှာ ​နေ​ပေးပါလို့ ​တောင်းဆိုခဲ့တာက တစ်​ကြောင်း ၊ကိုကိုက မိုးစက် ပြန်ရင် အရက်​တွေပဲ​နေ့တိုင်း​သောက်မယ်လို့ခြိမ်း​ခြောက်ထားတာကတစ်​ကြောင်း၊ အိမ်ကို မပြန်ဖြစ်​သေးပါ။ အခုလည်း မိုးစက်နိုး​တော့ ကိုကို ​ဘေးမှာရှိမ​နေ​တော့ပါ။ မနက်တိုင်း မိုးစက်​နောက်မှ အိပ်ယာ ထတဲ့ကိုကိုက ​မနက်အစောကြီး ကို​ပျောက်​နေတော့သည်။​ရေချိုးခန်းထဲမှာလည်းရှိမ​နေပါ ။ မိုးစက်လည်း ​ရေချိုး ပြီး အလုပ်သွားဖို့ အင်္ကျီလဲကာ ဆင်းလာ​တော့ ကိုကိုက apron ကြီး ဝတ်ပြီး ချက်ပြုတ်​နေ​တော့သည်။

"ကြီးကြီနဲ့မ​အေးဘယ်သွားလိုလဲ "

​"အော်က​လေး​လေး နိုးပြီလား
ကြီးကြီးနဲ့မ​အေးက သူတို့ရွာ အလှူပြန်သွားတယ် လမင်းကို ကား​မောင်းဖို့ထည့်​ပေးလိုက်တယ် "

"အမ် !!ဘယ်နှစ်ရက်​တောင်လဲ "

"၅ရက်​လောက်​ပေါ့ "

"ဒါဆို ..."

"ဒါဆို ...ဆိုပြီး အိမ်ပြန်ဖို့စိတ်မကူးနဲ့ ကိုကို အားလုံးချက်တတ်တယ်
က​လေးကို ကိုကို ချက်​ကျွေးမယ် စိတ်ချ "

"ဆရာ​နေ ပင်ပန်းမှာ​​ပေါ့ "

မိုးစက်နိုးလာ​ပြီးမီးဖိုခန်းထဲမှာ ချက် ပြုတ်​​နေတဲ့ ကိုကို့ကိုမြင်ရ​တော့ စိတ်ထဲတစ်မျိုးဖြစ်သွား၏။ တကယ်ဆို အရင်က သူချက်​​ကျွေး​နေကြ​​လေ ။ အခု​တော့ဆရာ​နေတို့များအပိုးကျိုး​နေချက်​တော့ မိုးစက် မနိုးခင်ထပြီးကို ချက်ပြုတ်​နေ ၏။ မိုးစက် အိမ်ပြန်မှာ ဆိုးတာ​ကြောင့်လည်း မညီးမညူ ကို ချက်ပြုတ်​နေတဲ့အိမ်ရှင်ထီးကြီးပါ ။

"ကျ​နော် ဘာလုပ်ကူရမလဲ "

"ရတယ် က​လေး​လေး "

"ဆရာ​နေ ​ရေချိုးလိုက်​တော့ ကျ​နော်​ကော်ဖီ​ဖျော်ထားလိုက်မယ် "

"အို​ကေ
အားလုံးကျက်​နေပြီ အဆင့်သင့်ပဲ "

"ရွှတ် !!ချစ်ဖို့​ကောင်းလိုက်တာ အ​မွှေးတုံး​လေး "

A Chit Lay (ACL) [Completed]Where stories live. Discover now