ဇာတ်လမ်း မိတ်ဆက်

14.9K 763 60
                                    

"‌ဆန့်ကျင်စွမ်းအင်နှစ်ခု ပေါ်ထွက်လာတဲ့ တစ်နေ့ ကောင်းကင်ဘုံဟာ ပျက်စီးခြင်းကိန်းစိုက်လိမ့်မယ်" ဟု လွန်ခဲ့သော နှစ်ပေါင်း 2000ကျော်၌ ဟောကိန်းရှိခဲ့တယ်...။

ထို ဟောကိန်းမတိုင်ခင် နှစ်ပေါင်း ၅၀၀၀ကျော်၌ ကောင်းကင်ဘုံဟာ နှစ်ခြမ်းကွဲခဲ့တယ်။

အေးချမ်းတဲ့ ကောင်းကင်ဘုံနဲ့ မှောင်မိုက်တဲ့ နတ်ဆိုးဘုံဟူ၍ နှစ်ခြမ်းကွဲခဲ့သည်မှာ ယနေ့ထိတိုင်...။

‌လူတွေရဲ့သွေးတို့ကို သောက်သုံးတဲ့ နတ်ဆိုးတွေကို နှိမ်နင်းဖို့ ကောင်းကင်ဘုံရဲ့ဧကရာဇ်က စစ်သည်တော်တွေ အမြောက်အမြား ခန့်အပ်ထားခဲ့တယ်။
နတ်ဆိုးတွေဟာ သနားညှာတာစိတ်ကင်းမဲ့ကြတယ်။ အရက်သေစာသောက်စားကြပြီး နတ်ဘုရားတို့ မပြုလုပ်အပ်ထိုက်သော မကောင်းမှု့ကို မှန်သမျှကို ပြုလုပ်ကြတယ်။ ထိုကြောင့် ကောင်းမှု့လုပ်သော နတ်ဘုရားတို့နှင့် မကောင်းမှု့လုပ်သော နတ်ဆိုးတို့ဟာ နှစ်ခြမ်းကွဲထွက်ခဲ့ကြတယ်..ဟူ၍ နတ်ဘုရားတို့ရဲ့ သမိုင်းစာမျက်နှာမှာ မှတ်တမ်းတင်ထားခဲ့သည်။

ကောင်းကင်ဘုံရည်ရွယ်ချက်ဟာ လူသားတို့၏သွေးအားသောက်သုံးကာ သတ်ဖြတ်နေသော နတ်ဆိုးဘုံအား အမြစ်ဖြတ် သုတ်သင်ဖို့ပင်။နတ်ဆိုးတို့ကိုသာ အမြစ်ပြတ်သုတ်သင်နိုင်လျှင် လောကကြီးငြိမ်ချမ်းမည်ဟု သူတို့ယုံကြည်သည်။သို့သော်လည်း ယခုထိတိုင် အမြစ်ပြတ်မချေမှုန်းနိုင်ခဲ့။ထို့ကြောင့် ကောင်းကင်ဘုံနှင့် နတ်ဆိုးဘုံအား စည်းခြားခဲ့သည်။ ထိုစည်းကို နတ်ဆိုးတို့ မဖြတ်ကျော်နိုင်သလို ကောင်းကင်ဘုံဘက် မကျူးကျော်နိုင်ပေ။

"စစ်သည်တော်မင်ဗီရာအား တော်ဝင်စစ်သည်တော် ခေါင်းဆောင်အဖြစ် ခန့်အပ်မည်!"

မင်ဗီရာဟာ လူသားတွေရဲ့သွေးကို သောက်သုံးတဲ့ နတ်ဆိုးတွေကို နှိမ်နင်းရာမှ အတော်ဆုံးစစ်သည်တော် တစ်ယောက်ဖြစ်လာခဲ့တယ်။ ‌ရွှေရောင်တဖိတ်ဖိတ်တောက်နေသော လေးကိုသာလက်စွဲတော်လက်နက် အဖြစ်အသုံးပြုသည့် မင်ဗီရာက လျင်မြန်လှသော လှုပ်ရှားမှု့တို့ဖြင့် စွမ်းအားမြင့်မားတဲ့ နတ်သားတစ်ဦးဖြစ်သည်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now