အပိုင်း (၂၁)

3.2K 479 88
                                    

ဂိုလျောခေတ်အချိန်အခါဖြစ်သည်။

တောနက်ကြီးထဲ ပြေးလွှားနေသူ မိန်းကလေးတစ်ယောက်။ သူမ၏မောဟိုက်နေသော အသံရှူသံပြင်းပြင်းက ပဲ့တင်လျက်။ ပြေးလွှားနေသော ခြေ‌ ထောက်တစ်စုံဟာ ယိုင်နဲ့နဲ့။ နောက်ကိုလှည့်ကြည့်လှည့်ကြည့်ဖြင့် သူမကြောက်လန့်တကြားပြေးနေခဲ့ပြီး အလွန်ကြောက်ရွံ့နေသည်။

ယှက်ယှက်!

သူပြေးနေရင်း တုံ့ခနဲရပ်တန့်သွားသည်။ သူမရှေ့က ခြေသံက သူမကိုပိုထိတ်လန့်သွားစေသည်။

"ဘယ်သူလဲ..."

သူမ မေးလိုက်သော်လည်း အဖြေက ပြန်မကြားရ။

ခြေသံဟာ တဖြည်းဖြည်းနီးကပ်လာပြီး သူမသည် ထိတ်လန့်စွာဖြင့် ကြောက်လန့်ကြီးစွာ နောက်သို့တဖြည်းဖြည်းဆုတ်သွားသည်။ သူမ တစ်ကိုယ်လုံးတုံယင်နေပြီး လက်တွေဟာလည်း နီရဲပွန်းပဲ့နေသည်။

"ဘယ်သူလဲလို့ မေးနေတယ်လေ"

သူမသည် ကြောက်လန့်နေသော်လည်း အားတင်းကာ ထပ်မေးလိုက်သည်။ မိန်းကလေးသည် မျက်တောင်မခတ်ရဲလောက်အောင် ထိတ်လန့်နေပြီး မျက်ရည်တွေတောင် စီးကျလာသည်။

"မင်းဘယ်သူလဲ"

သူမရှေ့၌ ပေါ်လာသည့်သူသည် တစ်ကိုယ်လုံး အနက်ရောင်အပြည့်ဝတ်ဆင်ထားပြီး အနီရောင်မျက်ဆံတို့ရှိသည်။ သူခန့်မှန်းထားသည့်သူမဟုတ်တာကြောင့် စိတ်သက်သာသွားသကဲ့သို့ မြေပြင်ပေါ်‌ေမာဟိုက်စွာဖြင့် ခွေကျသွားသည်။ သူမသည် မျက်ဆံအနီရောင်ရှိသူအား မော့ကြည့်ကာ..

"လူ..လူလား"

"မဟုတ်ဘူး"

မျက်ဆံအနီရောင်ပိုင်ရှင်က ခပ်ပြတ်ပြတ်တစ်ခွန်းတည်း ပြန်ဖြေလိုက်သည်။

သူမ၏ hanbok ဝတ်ဆုံသည်ဖရိုဖရဲဖြစ်နေပြီး ရင်စီးကြိုးတို့လည်း ပြေကျလျက် ဆံသားတို့ကလည်း ဖရိုဖရဲ ပုံပျက်နေသည်။ အင်္ကျီပုခုံးတို့သည် ပြဲစုတ်နေပြီး အဝတ်အစားက အညစ်အကြေးတို့ပေကျံနေပေမယ့် သစ်လွင်တောက်ပတဲ့အင်္ကျီအရောင်ကိုတော့ မဖုံးနိုင်။ သူမသည် အထက်တန်းမျိုးနွယ်ထဲကမှန်း သူခန့်မှန်းမိသည်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now