အပိုင်း (၈)

4K 512 68
                                    

"မင်ဗီရာ..အဆင်ပြေရဲ့လား"

ရေကန်ထဲမှ ဆယ်ယူလာသော ဗီရာရဲ့ခန္ဓာဟာ ပျော့ခွေနေ၏။ တစ်ကိုယ်လုံး ရေတို့ဖြင့်ရွှဲနစ်နေပြီး နိုးလာအောင် ပါးပြင်ကို ခပ်ဖွဖွပုတ်ကာ ခေါ်နှိုးသော်လည်း မေ့မျောနေစဲ။

"‌ပတ်ဂျီမင်! ဂျီမင်! "

မင်ဗီရာရဲ့ နှာခေါင်းနားကပ်ပြီး ဝင်သက်၊ ထွက်သက်ကို ခံစားကြည့်တဲ့အခါ အသက်မရှူတော့တာကြောင့် Orpheus ထိတ်လန့်သွားသည်။
ထို့ကြောင့် Orpheus သည် (CPR-Cardiopulmonary Resuscitation) အရေးပေါ် အသက်ကယ်နည်းဖြင့် ကယ်ဆယ်ရန် ဗီရာရဲ့ခန္ဓာအား ကိုယ်နေဟန်ထားမှန်အောင်ပြင်‌ပေးသည်။ အသက်ရှူလမ်းကြောင်းပွင့်အောင် လည်ပင်းအား ခပ်ဆန့်ဆန့်ထားစေသည်။ နှာခေါင်းကိုပိတ်ထားပြီး၊ မေးစေ့ကိုမ၍ ပါးစပ်ကို ဖွင့်ဟစေပြီးနောက် mouth-to-mouth resuscitation နှုတ်ခမ်းခြင်း တေ့ကာ လေမှုတ်သွင်းပြီး အဆုတ်ကို ပြန်လည်လှုပ်ရှား‌စေသည်။

ဗီရာရဲ့ နှုတ်ခမ်းတွေက ဘယ်လိုနူးညံ့တာတွေ ဘာညာတွေ သူမတွေးအား..မင်ဗီရာတစ်ခုခုဖြစ်သွားမှာ ကြောက်ရွံ့တဲ့စိတ်ကြောင့် ပြန်နိုးလာဖို့ ဆက်လက်ကယ်ဆယ်ရန်သာ သူ့ခေါင်းထဲရှိနေသည်။ မင်းဘာမှမဖြစ်ရဘူး ပတ်ဂျီမင်! မင်းသေချာပေါက် ငါ့ကို သတ်ရအုံးမယ်!

ဗီရာရဲ့ လည်ပင်းမှာရှိတဲ့ carotid artery ကိုကြည့်ပြီး သွေးခုန်နှုန်းစစ်ဆေးသည်။ ခြေဖျားလက်ဖျားတွေကို ကိုင်ကြည့်လိုက်တဲ့အခါ သွေးလည်ပတ်မှု့မရှိတာကြောင့် အေးစက်နေသည်။ ဘာကြောင့်ဖြစ်သွားတာလဲ မစဉ်းစားနိုင်သေးဘဲ ဗီရာ၏ ရင်ညွန့်ရိုးပေါ်မှာ လက်ဖနောင့်နှစ်ခုကို ထပ်တင်ပြီး လက်တွေကို ဆန့်လျက် လက်ဖနောင့်အားသုံးကာ အကြိမ်သုံးဆယ်နှုန်းဖြင့် ၂ လက်မခန့်နိမ့်ဝင်အောင် ဖိပြီး နှုတ်ခမ်းဆီသို့ လေကို မှုတ်သွင်းသည်ကို ၂မိနစ်ခန့် ပြုလုပ်ပြီးသော် ခဏအကြာ..

"အဟွတ်! ဟွတ်!"

ဗီရာရဲ့ နှုတ်ခမ်းမှ ရေတို့ထွက်ကျလာပြီး အသက်ပြန်ရှူတော့မှ Orpheus လည်း ခြေပစ်လက်ပစ် ထိုင်ချလိုက်တော့သည်။Orpheusသည်လည်း စိတ်ပူလွန်းနေတာကြောင့် အသက်ကောင်းကောင်းမရှူနိုင်ခဲ့ပဲ အခုမှသာ အသက်ပြင်းပြင်းရှူလျက် သူ့ရင်ဘတ်ကိုလက်ဖြင့်ဖိထားသည်။ Orpheus ရဲ့ နှုတ်ဖျားမှ စကားတစ်ခွန်းက ခပ်တိုးတိုး..

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Dove le storie prendono vita. Scoprilo ora