အပိုင်း (၁၈)

3.2K 423 51
                                    

"Helios..မတွေ့ရတာကြာပြီနော်"

သူ၏နန်းဆောင်အား ရုတ်တရက်ရောက်လာသည့် နတ်ဘုရား Genius။

"အစ်ကို genius ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ"

Helios က ဖော်ရွှေပျူငှာစွာ တုံ့ပြန်လာတဲ့အခါ နတ်ဘုရား Genius က ပါးချိုင့်ထင်းထွက်တံ့အထိ ပြုံးရင်း ပြန်ဖြေသည်။

"ကိုယ်က မင်းဆီကို လာတာပါ"

တည့်တိုးအဖြေကြောင့် သူမျက်နှာလေးနွေးခနဲ။ ရှက်ဝဲသွားတဲ့ သူ့မျက်နှာလေးကို ကြည့်ရင်း နတ်ဘုရား Geniusက သဘောကျစွာပြုံးလိုက်ပြန်သည်။ နတ်ဘုံတစ်ခွင်လုံးတောင် နတ်ဘုရားGeniusက Helios ကို ကြိုက်နေတာကို သ‌ိနေပြီးသား..။ Helios လည်း မသိဘဲ ဘယ်နေပါ့မလဲ။

"ကျွန်တော်အခု လူ့ဘုံကိုသွားရမှာ..။ ဘယ်လိုလုပ်မလဲ...အားနာစရာရယ်"

"ကိုယ်လည်း လိုက်ခဲ့မယ်လေ..ဖြစ်တယ်မလား"

ပါးချိုင့်နှစ်ဖက်ထင်းနေအောင် ပြုံးလျက် တောင်းဆိုလာတော့ ဟိုဆော့မငြင်းသာတော့ပါ။

"ဖြစ်ပါတယ်။ ဒါဆို သွားကြတာပေါ့..."

သူနဲ့အနီးကပ်ဆုံး ကပ်၍လိုက်လာတဲ့ နတ်ဘုရားGeniusကြောင့် သူ ရှိန်းတိန်းဖိန်းတိန်းဖြစ်နေသည်။

"မတွေ့တာကြာတော့ Helios က ပိုချောလာတယ်"

အစ်ကိုgeniusရဲ့ ချီးကျူးစကားကြောင့် သူပိုပြီးရှက်သွားရသည်။ အစ်ကိုgeniusနဲ့သူနဲ့က ခင်မင်လာတာကြာပြီဖြစ်ပြီး သိပ်ရင်းနှီးခဲ့တာ။ သို့ပေမယ့် အစ်ကိုgeniusဘက်က စတင်ပြောင်းလဲလာတဲ့ ဆက်ဆံပုံ အမူအရာတွေကို သူရိပ်မိခဲ့တယ်။ မကြာခဏ ချီးကျူးစကားတွေ ပြောတတ်ပြီး အနီးကပ်ဆုံး တိုးကပ်လာတတ်တယ်။ သူနဲ့ပိုပြီးနီးကပ်လာဖို့ကြိုးစားနေတာကို ရိပ်မိခဲ့တယ်။

ဒီလိုအပြုအမူတွေ၊ စိတ်ဝင်ခံစားရတာတွေကို စိမ်းသက်ပြီး အနေခက်တာကြောင့် အခုထက်ထိ အစ်ကိုgeniusနဲ့ ခပ်လှမ်းလှမ်းအဝေးမှာပဲ နေခဲ့တယ်။တကယ်တော့ မတွေ့ဖြစ်တာမဟုတ်ဘဲ သူကသာမတွေ့မိအောင် ရှောင်နေခဲ့တာ..။

လူ့ဘုံသို့ရောက်တဲ့အခါ ကျွန်တော့်သွားရာနောက် အစ်ကိုgeniusက တကောက်ကောက်လိုက်လေသည်။ ဘာစကားမှလည်း အစမပြုဘဲ အနောက်ကနေသာ ပါးချိုင့်တွေခွက်နေအောင် ပြုံးရင်း လိုက်လာတာ။ ဒီအစ်ကိုgeniusက တစ်ခါတစ်လေကြတော့လည်း အထူးအဆန်းရယ်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now