အပိုင်း (၃၅)

3.5K 426 45
                                    

Jeonသည် အိမ်ရှေ့စံဖြစ်သူပီသစွာ ဆက်ခံသူဝတ်စုံအား သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ မြင့်မားသော အရပ်ကမူ သူ၏ အားသာချက်များထဲမှ တစ်ခု။ ခပ်ပြေပြေမျက်ခုံးတန်းနှင့် ခပ်ထင်းထင်းမေးရိုးတို့က သူ၏မျက်နှာကို ပိုပေါ်လွင်စောသော အချက်တစ်ခု။ အိမ်ရှေ့စံသည် ညာဘက်ရင်ဘတ်တွင် ‌နဂါးသဏ္ဍာန် ရွှေရောင်ကနုတ်တို့ပါရှိသော အနက်ရောင်ကုတ်အင်္ကျီ ဝတ်ဆင်ထားသည်။ ထိုကုတ်အင်္ကျီ၏ လက်ကောက်ဝတ်ကို ရွှေရောင်နှင့်ငွေရောင် တလက်လက်တောက်ပနေသော  စိန်သေးသေးလေးတွေဖြင့် ကွတ်ထားသည်။ အနက်ရောင်တောက်ပြောင်နေသော တော်ဝင်ဝတ်စုံနှင့် Jeonသည် ခပ်ကျဲကျဲခြေလှမ်းတွေဖြင့် နတ်ဆိုးဘုရင်ဆီကို ဦးတည်သည်။

ပုံမှန်ဆိုလျှင် ဤသို့ မဝတ်ဆင်သော်ငြား မကြာမှီအချိန်တွင် ကျင်းပမည့် ညီလာခံကို တက်ရောက်ရန်အတွက် ဤသို့အထူးတလည် ပြင်ဆင်ဝတ်စားထားခြင်းဖြစ်သည်။

နတ်ဆိုးပြည်တွင် Jeonဟာ ခံ့ညားမှု့အပေါင်းနဲ့ပြည့်စုံတဲ့ တော်ဝင်အိမ်ရှေ့စံတစ်ဦးဖြစ်သည်။ တိုင်းသူပြည်သားတွေရဲ့ အားကိုးအားထားရာ ညောင်ပင်ကြီးတစ်ခုဆိုလည်းမမှား။ Jeonပြန်လည်နိုးထလာသည်က သုံးလောကလုံးကို ငြိမ်သက်သွားစေသလို မီးသခင်အမြုတေကို လိုချင်နေကြသည့် လောဘသားတွေအတွက်လည်း ခြိမ်းခြောက်မှု့ကြီး ဖြစ်စေသည်။ Jeon Orpheus ဆိုသူရဲ့ဘအရှိန်အဝါက သုံးလောကလုံးအပေါ် ကြီးကြီးမားမားသက်ရောက်နေတာမျိုး။

"ခမည်းတော်၊ ကျွန်တော် ရောက်ပါပြီ"

"ခမည်းတော် ပြောစရာရှိလို့ ခေါ်လိုက်တာ..ဂျောင်ဂု။ အရင်တုန်းကလို ငါ့သားက ခံ့ညားနေတုန်းပါပဲလား"

Jeon ပြုံးလိုက်သည်။ မကြာမှီမှာပင် တံခါးဖွင့်သံနှင့်အတူ ဗီရာရောက်လာသည်။ ဗီရာလက်ထဲမှာ ဂျွန်‌ကအိပ်မောကျလျက် ပါလာ၏။ ခမည်းတော်ဟာ ဗီရာကိုပါခေါ်ထားပုံအရ အရေးကြီးတဲ့ကိစ္စကို ပြောတော့မည်ဆိုတာ Jeonရိက်မိလိုက်သည်။

"ကျွန်တော်နောက်ကျသွားလို့ တောင်းပန်ပါတယ်။ သားက လိုက်မယ်ဆိုပြီး အတင်းဂျီကျနေလို့"

"ကိုယ့်ကိုပေး.."

Jeonသည် ဂျွန်ကို ချီကာ သူ၏ပုခုံးကို မှီစေ၍ ဆက်လက်အိပ်မောကျစေသည်။ အမှန်တော့ ဂျွန်က အိပ်မနေဘဲ အိပ်ချင်မူးတူးဖြစ်နေရုံသာ။ ထို့ကြောင့် သူ့ဖေဖေပေါ် မှေးစက်ရင်း လိုက်လာတာဖြစ်သည်။ ဂျွန်ဟာ လူကြီးဆန်သည့်ကလေးလေးဖြစ်ပေမယ့်လို့ သူ့ခမည်းတော်နဲ့ တွေ့ပြီးနောက် ပို၍ကလေးဆန်လာခဲ့သည်။ ကလေးငယ်တစ်ယောက်ကဲ့သို့ ပိုပီသလာခဲ့တာကြောင့် ဗီရာတစ်ယောက်တော့ ကျေနပ်နေတာပေါ့။ သူက သားကို ကလေးတစ်ယောက်လိုဆိုးတာ ဂျီကျတာမျိုးဖြစ်စေချင်ခဲ့တာ။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now