အပိုင်း (၃၆)

3.7K 408 81
                                    

Venus ငရဲဘုံကို ပြန်ရောက်လာသည့် အချိန်ကမူ အတော်ပင် ညည့်နက်နေခဲ့ပြီ။ သူနတ်ဆိုးဘုံမှ ထွက်လာခဲ့ချိန်က ခပ်စောစောရှိသေးသည်။ နတ်ဆိုးဘုံကို တစ်ခါသွားရင် ၅မိနစ်ထက်ပိုမကြာပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ယောင်ဖျောက်၍ အချိန်တိုအတွင်း လိုရာ ရောက်ရှိနိုင်၍ဖြစ်သည်။ နတ်ဆိုးဘုံမှ အပြန်တွင်လည်း ၅မိနစ်ထက်ပင် ပိုမကြာနိုင်သော်ငြား သူကြာခဲ့ချိန် နာရီနဲ့ချီ။

အပြန်လမ်းတွင် သူ့ရင်ထဲ လေးကန်နေခဲ့သလို စိတ်တွေလည်း တောင်ရောက်မြောက်ရောက်ဖြစ်လျက် အတွေးနွံထဲ နစ်နေခဲ့‌တာကြောင့် အပြန်နောက်ကျနေခဲ့ခြင်းသာ။ Jeon Orpheus ဆီမှ ကြားခဲ့ရသည့် စကားတစ်ချို့ဟာ Venus ကို အတွေးများစေခဲ့သည်။ Venus သေချာသတိထားလိုက်မိသည်က သူသိခဲ့တဲ့ သူ့ရဲ့အတိတ်ဟာ မှားယွင်းနေတယ်ဆိုတာပင်။ Jeon Orpheus သည် Helios က အလုံးစုံကို ပြောပြနိုင်သည်ဟု ညွှန်လိုက်သော်လည်း Helios က ဘာကြောင့် သိနေရမှာလဲ စဉ်းစားမရ။ နတ်သား Helios နဲ့သူက အတိတ်မှာ နက်နက်နဲနဲ ပက်သက်ခဲ့ဖူးလို့များလား။

"Venus...ပြန်လာတာနောက်ကျ‌လိုက်တာ"

ထိုစကားကို ဆိုလာသူက နတ်သား Heliosပင်။ သူရဲ့ မျက်ဝန်းတွေဟာ စိုးရိမ်မှု့များစွာ ခိုအောင်းနေတာကို Venus မြင်လိုက်သည်။ ထိုအခါ Venus ၏ မျက်ခုံးတန်းတို့ ကျုံ့တယ်ဆိုရုံမျှလေး ကျုံ့သွားသည်။

ကိုယ်လုပ်တော်အဖြစ် အထားခံရဖို့ သူ့ဆီလိုက်လာခဲ့တာ မဟုတ်ဘူး ဆိုတဲ့စကားကို ခပ်တိမ်တိမ်စဉ်းစားခဲ့မိတာ။ တကယ်တမ်း ထိုစကားမှာ ဇာတ်လမ်းတစ်ခုရှိနေခဲ့တာ ဖြစ်လိမ့်မည်။ ဒီနတ်သားနဲ့ သူနဲ့ ဘယ်အတိုင်းအတာထိ ပက်သက်ခဲ့ကြတာလဲ။ တစ်ခါတစ်ရံ နတ်သားHeliosက သူ့ကို တွန်းထုတ်တယ်။ တစ်ခါတစ်ရံကြရင်လည်း ဒီလို အပြုအမူတွေနဲ့ ဆက်ဆံတယ်။ သူဟာ ကိုယ့်ကိူ အလိုမရှိတာ မဟုတ်ဘဲ အလိုမရှိဟန်ဆောင်နေတာမျိုးပဲ။

Venus ခပ်ထေ့ထေ့ပြုံး၍ Helios အနားကိုသွားသည်။

"Jeon Orpheus နဲ့တွေ့ခဲ့လား"

"တွေ့ခဲ့တယ်။ သူက မင်ဗီရာ ဒီရောက်နေမှန်းသိလို့ ပြန်မခေါ်တာ"

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Tahanan ng mga kuwento. Tumuklas ngayon