အပိုင်း (၁၃)

4.3K 475 33
                                    

ကြယ်တွေစုံတဲ့ည ၊ မှောင်မိုက်နေတဲ့ ကောင်ကင်ကြီးက တလက်လက်...

"သက်သာလား"

"ငါရဲ့ဒီလိုပုံစံကို မင်းကိုမပြချင်ခဲ့တာကို"

နတ်သားလေးက အဖြူရောင် စောင်ထူထူကြီးထဲ တိုးဝင်ကာ ခေါင်းမူးခြုံလိုက်ပြီး သူ့ကို ကျောခိုင်းလိုက်သည်။ ဂျီမင်ကို စောင်ပေါ်က ဖက်ကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"ကိုယ့်ကြောင့်....တောင်းပန်ပါတယ်"

စောင်ထူထူကြီးအောက် နတ်သားလေးရဲ့ မျက်နှာလေး ပန်းရောင်သန်းနေမှာကို တွေးရင်း ပြုံးမိသည်။

"တော်ပြီ။ ထပ်မပြောနဲ့တော့...ငါရှက်လို့ သေတော့မယ်"

"မရှက်ပါနဲ့...ကိုယ့်ဂျီမင်...မင်းကဆွဲဆောင်မှု့ရှိတယ်။ အမြဲတမ်း ကိုယ့်ကို ရူးမတတ် ဆွဲဆောင်နိုင်တယ်"

"ငါအခု တစ်ကိုယ်လုံးနာနေတာပဲ သိရဲ့လား...အခုထက်ထိ ဝိုင်အရသာကြီးက လျှာမှာစွဲနေတုန်း"

"ကိုယ်က အများကြီးနမ်းပေးမယ်လေ..ဝိုင်အရသာကြီး ပျောက်သွားအောင်"

စောင်အောက်က “လူလည်ကောင်”ဆိုတဲ့ ခပ်တိုးတိုးစူအောင့်အောင့်အသံလေး ကြားလိုက်ရပါသေးတယ်။

"မင်းနဲ့ငါ ပက်သက်မှု့က ဘာလဲ"

ဂျီမင်က သူနဲ့မျက်နှာချင်းဆိုင် လှည့်လာပြီး မျက်နှာလေးကိုပဲ စောင်ထဲကဖော်ထားလျက် မေးလာ၏။ ပါးဖောင်းဖောင်းလေးတွေက ကိုက်စားချင်စရာ..။

"ဘယ်လိုဆက်ဆံရေးလဲဆိုတော့...ဒီလိုမျိုးပေါ့.."

စောင်ထဲတိုးဝင်ကာ ကိုယ့်ဂျီမင်ရဲ့ ကိုယ်လုံးလေးကို ဆွဲဖက်ကာ အပေါ်ပိုင်းကို အနမ်းတွေကြဲပစ်လိုက်သည်။

"တော်တော့...ဟားဟား..ယားတယ်..jeon"

လည်တိုင်ကြား မျက်နှာတိုးဝှေ့ရင်း သူရဲ့ကိုယ်လုံးလေးကို ကလိထိုးတော့ သူ့ဆီက ရယ်သံလွင်လွင်က ပျံ့လွင့်လျက်။ သိပ်လှသည့်သူ့ကို ကျွန်တော် စိတ်မချနိုင်ပါ။ ရိုးသားဖြူစင်တဲ့ ဒီနတ်သားလေးကို ဒီလောကကြီးကြား စိတ်မချနိုင်တာက ဖြစ်သင့်တယ်မဟုတ်လား။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now