အပိုင်း (၇)

3.9K 516 61
                                    

မနက်ခင်း၏ရောင်ခြည်က လင်းထင်းလို့ ကျေးငှက်သံတို့က နားဝင်ပျော်လျက် သာယာနေ၏။

ကျွန်တော်ပြန်လည်နိုးလာတဲ့အချိန် ကျွန်တော်ဟာ Orpheus ရဲ့ပေါင်ပေါ်မှာဖြစ်နေတယ်။ Orpheus က နံရံကိုကျောမှီပြီး သူ့ရင်ခွင်ထဲက ကျွန်တော့်ကို ထွေးပွေ့ထားပြီး အိပ်မောကျနေတယ်။ ညတုန်းကအတိုင်း ဝရံတာကြမ်းပြင်ပေါ် ကျွန်တော်တို့နှစ်ယောက်လုံး အိပ်ပျော်သွားခဲ့ကြတာ။ ကျွန်တော်က Orpheus ရဲ့ ရင်အုပ်ကျယ်ပေါ် ခေါင်းမှီထားပြီး သူကကျွန်တော့်ကို ကလေးလေးကိုအမေက ချီထားသလို ပွေ့ထားတာ။

ကျွန်တော်မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက Orpheus ရဲ့ခပ်ထင်းထင်း မေးရိုးရယ် တိတိရိရိစေ့ထားတဲ့ နှုတ်ခမ်းပါးရယ်..။ Orpheus က လုံးဝကို အိပ်ပျော်နေတာ။ ကျွန်တော်ရဲ့ထိတွေ့ချင်စိတ်က လုပ်သင့်မလုပ်သင့် မစဉ်းစားမိဘဲ အလိုလို သူ့မေးရိုးကို လက်ဖြင့်ထိမိလိုက်တယ်။ မေးရိုးက တဆင့် နှုတ်ခမ်းပါးရဲရဲကို အသာယာလေး ထိရင်း ခပ်မြင့်မြင့်နှာတံလေးတစ်လျှောက် လက်ချောင်းထိပ်လေးနဲ့ ဆန်တက်သည့် အတိုင်းပွတ်စွဲသွားမိတယ်။တကယ့်ကို ကြည့်ကောင်းတဲ့ အမျိုးသားပဲ..လို့ မှတ်ချက်ချမိတယ်။ ကျွန်တော် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ရုပ်ရည်ကိုမှ အကဲမဖြတ်ဖူးပါ။ နတ်ဆိုးကောင်ရဲ့ ရုပ်ရည်က ကျွန်တော်အကဲဖြတ်ရလောက်အောင် စွဲဆောင်ခဲ့တယ်ထင်တယ်..။

Orpheus! Jeon Orpheus!!

ရုတ်တရက် အတွေးထဲ ဝင်လာတာက နတ်ဆိုးကောင် Jeon Orpheus ပေါ်မှာ ကျွန်တော်ထိုင်နေခဲ့တာ!! ဦးနှောက်ထဲ ချာချာလည်သွားပြီး မျက်လုံးတွေတောင်ပြာဝေသွားတယ်။ ကျွန်တော့်ကိုဖက်ထားတဲ့ Orpheus ရဲ့လက်ကို ဖယ်ကာ ချက်ချင်းထရပ်လိုက်ပြီး ကိုယ့်ပါးကိုယ်ခပ်နာနာလေး ရိုက်ချလိုက်မိတယ်။

မင်းတော့ တကယ်ရူးနေပြီ!

ကျွန်တော် ကိုယ့်ကိုယ်ကို ဆူလိုက်ပြီး အဖြူရောင်တောက်ပံတွေကို ဖြန့်ကာ Orpheus အိပ်ဆောင်ထဲမှ ထွက်ပြေးလာခဲ့မိတယ်။ ညတုန်းက သီချင်းကို ထပ်ခါထပ်ခါ ဆိုပြရန် ကလေးတသ်ယောက်လို ပူဆာခဲ့တာ..သစ်ပင်နဲ့ခေါင်းနဲ့သာ ပြေးစောင့်ပစ်ချင်တော့တယ်။ နတ်ဆိုးကောင်က သူ့ကိုဘယ်လောက်တောင် အထင်သေးနေလိုက်မလဲ။ကျွန်တော်တစ်ယောက်ထဲ စိတ်တွေဂယောင်ခြောက်ခြားရယ်..။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now