အပိုင်း (၃၂)

3.6K 511 89
                                    

"မင်းရဲ့ ခမည်းတော်ပဲ"

"ခ မည်း တော်"

သားက သူစိမ်းသက်နေတဲ့ အသုံးအနှုန်းကြောင့် ကိုယ့်ကို ပြူးပြူးလေး ပြန်ကြည့်လာသည်။

"သားရဲ့ ဒုတိယ ဖေဖေပဲ"

ထိုအခါ သားမျက်လုံးလေးတွေ လက်ခနဲ။ Jeonကို ကြည့်ရင်း ဂျွန်က အတော်လေး မှင်သက်နေရှာတာ။

Jeonသည် သူ၏ လက်စွဲတော်ဓားကို လက်မှာကိုင်ရင်း Authrum ဆီကို တည့်တည့် သွားသည်။ ဧကရာဇ်ကလည်း Jeonကို တွေ့လိုက်ရဖို့ မမျှော်လင့်ထားသောကြောင့် အနည်းငယ်လန့်သွားပုံပေါ်သည်။ Authrum ရဲ့ မျက်နှာထားက အေးစက်နေပေမယ့်လို့ Jeonကို ရှိန်နေတာမျိုးလည်းရှိသည်။

"Authrum Alastor..."

နာမည်ကို တစ်လုံးချင်းရေရွတ်လိုက်တဲ့ Jeon အသံဟာ အေးစက်စက်။ သူဘယ်လောက်တောင်မှ ဒေါသထွက်နေသလဲဆိုတာ ပုံပန်းသဏ္ဍာန်ကို ကြည့်ရုံနဲ့ သိနိုင်တယ်။ ဓားရိုးကို ကိုင်ထားတဲ့ Jeonလက်ကြောတွေဟာ ထောင်နေပြီး မေးကြောတွေကလည်း တင်းနေသည်။ အကြည့်တွေကလည်း အမဲလိုက်ဖို့ပြင်နေတဲ့ သားရိုင်းတစ်ကောင်လိုမျိုး။ ခက်ထန်နေတဲ့ပုံက ကြောက်ဖို့ကောင်းလှသည်။ အမြုတေပြန်ရရှိသွားပြီဖြစ်တဲ့ Jeonက အရင်လိုသာမာန်ပုံစံ ပြန်ဖြစ်နေပြီဖြစ်သည်။ မျက်အိမ်မှာလည်း အဖြူရောင်ပြန်ဖြစ်နေပြီး သွေးကြောတွေဟာလည်း အပြာနုရောင်နှင့်အစိမ်းနုရောင်သန်းလျက် အနက်ရောင် မဟုတ်တော့ချေ။ Jeon Orpheus ပြန်ရောက်လာခဲ့ပြီ...။

"ငါရှိနေသ၍ မင်းဆိုတဲ့ကောင် မရှိစေရဘူး.. Authrum Alastor! မင်းသေရင်သေ မသေရင်..ငါကမသေသေအောင် သတ်မယ်!"

ကျောက်ဂူတစ်ခုလုံး ထိုအသံက ပဲ့တင်ထွက်သွားသည်။ Authrum က ခြိမ်းခြောက်ခံလိုက်ရပေမယ့် လှောင်ရယ်ရယ်သည်။ သူ့စိတ်ထဲ Jeonကို ရှိန်သွားပေမယ့် လှောင်ရယ်ရယ်ခြင်းဖြင့် ဖုံးကွယ်ပစ်လိုက်တယ်။ Jeonက သူ့ထက် အသက် သက်တမ်းနုတာကြောင့် သူအထင်သေးနေတာ။ သူ့အမြင်မှာတော့ Jeonက အသံကောင်းဟစ်နေတဲ့ပုရစ်သာသာပဲ။

Authrum က သုံးလောကလုံးကို ဒုက္ခပေးခဲ့တဲ့သူ။ အနှိုင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် ဧကရာဇ်တောင်ဖြစ်လာခဲ့ပြီး သူ့ကို အကြီးအကဲနတ်မင်းတွေအကုန်ပေါင်းပြီးမှ ခက်ခက်ခဲခဲ ဖမ်းခဲ့ရတာ။ ထို့ကြောင့် သူ Jeonကို အထင်သေးတာ မဆန်းပါဘူး။ အကြီးအကဲနတ်မင်း အများအပြားတောင် အခက်တွေ့ပြီးရှိန်ခဲ့ကြတဲ့ သူ့လိုစွမ်းအားကြီးတဲ့သူကို Jeonက သူကိုယ်တိုင် သတ်ပစ်မယ်ဟု ခြိမ်းခြောက်တဲ့အခါ သူ့အတွက်တော့ ပြက်လုံးတစ်ခုလိုပေါ့။ Jeon Orpheus ဘယ်လောက်စွမ်းအားကြီးနေပါစေ သူ့ကိုဖြုတ်ချဖို့အတွက်တော့ မလုပ်လောက်ဘူး။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now