အပိုင်း (၂၉)

2.8K 440 90
                                    

"Venus!!"

ဂျီမင်ဆီပြေးဝင်လာသော Venusအား ဟိုဆော့က သူ့ဓားကို ချက်ချင်းဖန်ဆင်းကာ ခုခံလိုက်သည်။ 

ချွမ်း!!

Venus ရဲ့ဓားသွားဟာ ဟိုဆော့၏ ဓားသွားနှင့် ထိပ်တိုက် တွန်းကန်နေပြီး Venus ၏ဓားရဲ့အင်အားဟာ ပြင်းလွန်းတာကြောင့် ဟိုဆော့မှာ မနည်းတောင့်ခံထားရသည်။ ထိုအချိန်မှာ သူပိုပြီးနားလည်လိုက်သည်က Venus ရဲ့စွမ်းအားက တော်ရုံစွမ်းအားကြီးမားလာတာ မဟုတ်ဘူးဆိုတာပင်။ သူဘယ်လိုခုခံရမလဲ စဉ်းစားမရဘဲ ကူရာကယ်ရာမဲ့သည်အထိ။

"Ve...Venus...ဂျီမင်...မင်းကိုမခုခံနိုင်ဘူး...သူဓားမကိုင်နိုင်ဘူး"

ဟိုဆော့ဟာ Venus ရဲ့ ဓားသွားတစ်ချက်ကို အားကုန် တောင့်ခံနေရ၏။ သူလက်တွေတောင် တုန်လုနီးနီး။ ဒါ့ကြောင့် Venus က ဟိုဆော့နှင့်တိုက်ခိုက်ခဲ့စဉ်က ဓားကို မထုတ်ခဲ့တာ။ သူဓားရဲ့စွမ်းအားက မည်မျှကြီးမားသလဲ သူကလွဲပြီး တခြားသူမသိသေးဘူးမဟုတ်လား။

"မင်းတို့က ငါကိုယ်တော်ကို သိပ်အထင်သေးတာပဲ!  ဟက်!"

Venusသည် သူ့စွမ်းအားအတိုင်းအတာကို သူသိသည်။ သို့ဖြစ်၍ ဟိုဆော့၏ ‌ဓားကို ဓားအဖျားဖြင့်တစ်ပတ်လည် လှည့်ကာ ဓားကိုလွတ်ကျသွားစေပြီးဘေးသို့ တွန်းထုတ်လိုက်သည်။ ထို့နောက် သူက ဂျီမင့်ကို တည့်တည့်ကြည့်ရင်း တစ်ချက် လှောင်ရယ်ရယ်လိုက်သည်။ ဟက်ခနဲ..။

"တုံးအလိုက်တာ...ကိုယ့်ဆီမှာ ရှိတာတောင် ကိုယ်မသိဘူးဆိုတော့..ငါကိုယ်တော်က ပြရသေးတာပေါ့!"

Venus သည် သူ့ကို ‌ဓားဖြင့်ပြေးခုတ်ရန် ရွယ်လိုက်သည့်စဉ် ဗီရာကြောင်အ,သွားသည်။ ရုတ်ချည်း သူမြင်ကွင်းဟာ အမှောင်ကျသွား၏။ ချွမ်းဆိုသည့် ဓားလွတ်ကျသံလည်း ကြားလိုက်ရသည်။ ဘာဖြစ်သွားတာလဲ...! မျက်တောင်တစ်ခတ်အတွင်း ပေါ်လာသည့် မြင်ကွင်းကြောင့် သူ့ရင်ထဲ ထိတ်ခနဲ။

မြင်ကွင်းထဲ လေကြမ်းတို့တိုက်နေသည့် စစ်မြေပြင်ဟာ တစ်ဖန်ပေါ်လာသည်။ သူသည် ထိုစစ်မြေပြင်အလယ်မှာ ရပ်နေပြီး လက်ဖဝါးတွေဟာ သွေးတွေ စွန်းနေ၏။ ကောင်းကင်ကြီးဟာလည်း မကြာမှီမုန်တိုင်းတိုက်တော့မည့်အလား မဲမှောင်နေပြီး  လေကြမ်းကြမ်းတို့ကို ခံစားမိသည်။ လွန်ခဲ့တဲ့ ၆နှစ်...ကောင်းကင်ဘုံနဲ့ နတ်ဆိုးဘုံ စစ်ခင်းကြမည့် နေရာ...တထေရာတည်း!

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now