အပိုင်း (၂၅)

2.7K 411 55
                                    

"အရှင်မင်းကြီး...ကောင်းကင်ဘုံက သံတမန်ရောက်လာပါတယ်"

"ဝင်ခွင့်ပြုလိုက်"

အမှု့ထမ်းထွက်သွားပြီးနောက် မကြာမှီမှာပင် ကောင်းကင်ဘုံမှ သံတမန်ဟာ အခစားဝင်ရောက်လာသည်။

အနီရောင် ကျောက်များဖြင့် စီခြယ်ထားသော အနက်ရောင်ပုလ္လင်ထက်တွင် ထိုင်နေသော နတ်ဆိုးဘုရင်၏ အရှိန်အဝါဟာ သက်ရောက်မှု့ပြင်းလှသည်။

နတ်ဆိုးဘုရင်သည် တည်ငြိမ်သော မျက်နှာထားဖြင့် သံတမန်ဖြစ်သူအား တစ်ချက်ကြည့်ပြီးနောက် သူနဲ့အတူပါလာသော ကလေးငယ်ကို ခပ်ကြာကြာစိုက်ကြည့်နေသည်။

သိပ်တူတယ်!

" ငါကိုယ်တော်မြတ်ဆီ ဘာကိစ္စကြောင့်များ ရောက်လာသလဲ"

"ကျွန်တော်...ကျွန်တော်မျိုး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းဖို့အတွက် ရောက်လာတာပါ"

ဂျီမင် သည် သားကို သူ့ကိုယ်ဖြင့်ကွယ်ကာ ပိတ်ရပ်လိုက်သည်။ နတ်ဆိုးဘုရင်ရဲ့အကြည့်တွေက ဂျွန့်ဆီကနေ နည်းနည်းလေးမှ မရွေ့။ သူတော့ ဂျွန်ကိုခေါ်လာတာ မှားသွားပြီထင်တယ်။ မနက်တည်းက ဂျွန်က သူဘယ်သွားသွားလိုက်နေပြီး အလွန်ကပ်တွယ်နေတာ။ နတ်ဆိုးဘုံကိုသွားရမှာမို့ ထားခဲ့ဖို့လုပ်တော့လည်း မနေဘူးဆိုပြီး ငြင်း၍ အနားကနေတစ်ဖဝါးမှ မခွာဘူး။

ဟိုနားဒီနားသွားမယ်ဆိုပြီး လစ်ထွက်ဖို့ပြင်တော့လည်း အရိပ်တောင်အပျောက်မခံဘဲ မျက်စိဒေါက်ထောက်လိုက်ကြည့်နေခဲ့တာ။ “သားကို မထားခဲ့ပါနဲ့”ဆိုပြီး အသနားခံမျက်ဝန်းလေးတွေနဲ့ ပြောလာတော့ သူလည်း မတတ်နိုင်တော့ဘဲ ခေါ်လာရတော့တယ်။

"ကိုယ်တော့်နောက် လိုက်ခဲ့ကြ"

နတ်ဆိုးဘုရင်ဟာ ပုလ္လင်ထက်မှဆင်းလာပြီးနောက် မြောက်ဘက်ကော်ရစ်ဒါဘက်သို့ ချိုးဝင်သွားသည်။ ထို့ကြောင့်ဂျီမင်သည်လည်း နတ်ဆိုးဘုရင်နောက်သို့ တိတ်တိတ်ကလေး လိုက်လာခဲ့သည်။ ဂျွန်ကလည်း ဂျီမင့်လက်လေးကိုဆွဲကာ တကောက်ကောက်လိုက်လာသည်။

ကနုတ်တွေအပြည့် ရှိနေသော အနက်ရောင် မုခ်တံခါးကြီးရှေ့သို့ရောက်သည့်အခါ သူတို့ ရပ်လိုက်ကြသည်။ တံခါးကြီးသည် သူတို့အရပ်နဲ့ဆို သုံးပြန်စာလောက်မျှတောင် ကြီးမားလှသည်။ နတ်ဆိုးဘုရင်သည် ထိုတံခါး၏ အလယ်ရှိ အနီရောင် ကျောက်ဝိုင်းပေါ် လက်ဖဝါးကို အပ်လိုက်ပြီး တစ်ခဏအကြာတွင် တံခါးသည် ဂျိန်းခနဲမြည်ဟီးသွားသည်။ ထို့နောက် တံခါးက ပွင့်ဟလာလေသည်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Donde viven las historias. Descúbrelo ahora