အပိုင်း (၉)

5.4K 564 145
                                    

( ဒီအပိုင်းက Warning ⚠️သီးသန့်ပါ။ မကြိုက်တဲ့သူလေးတွေ ကျော်ဖတ်လို့ရအောင် warningသီးသန့်ရေးထားတာပါ)

"Or....Or...Orpheus!"

ကျွန်တော်သူ့ကို တွန်းထုတ်‌တယ်။ ချိနဲ့နေတဲ့အားကြောင့်လား၊ အေးခဲနေတဲ့ လက်တွေကြောင့်လား‌ သေချာတော့မသိပေမယ့် ကျွန်တော်သူ့ကိူ မတွန်းထုတ်နိုင်ခဲ့ဘူး။ လည်ပင်းကို မထိတထိပွတ်ဆွဲနေတဲ့ သူ့နှုတ်ခမ်းတွေ၊ အင်္ကျီအောက်က ရင်ဘတ်ကို ပွတ်သပ်နေတဲ့ သူ့လက်တွေကြား ကျွန်တော် တမျိုးတမည် ခံစားလာရတယ်။ ဒါကြောင့် ကျွန်တော်သူ့ကို တွန်းထုတ်ပစ်ချင်ပေမယ့် မလုပ်နိုင်ဘူး။

လည်ပင်းကနေ နားသယ်စပ်ထိ တထိထိ နမ်းလာတဲ့ နတ်ဆိုးကောင်က ကျွန်တော့် နားရွက်ဖျားကို စုပ်ယူတယ်။ ကျွန်တော့်တစ်ကိုယ်လုံး ရှိန်းခနဲ ဖြစ်သွားရတယ်။ အင်္ကျီအောက်က သူ့လက်တွေက အင်္ကျီကြယ်သီးတွေကို ဖြုတ်ချလာတယ်။ ကျွန်တော် သူ့လုပ်ရပ်တွေကို မတားမဆီးနိုင်တဲ့အထိ ပျော့ခွေပြီး တဆတ်ဆတ်တုံယင်နေမိတယ်။

အင်္ကျီကြယ်သီး‌တွေဖြုတ်နေတုန်းမှာပဲ သူ့နှုတ်ခမ်းတွေက ကျွန်တော့်ပါးပြင်ကို ကူးလူးလာပြီး နှုတ်ခမ်းတွေပေါ်နေရာယူတယ်။ ကျွန်တော့်နှုတ်ခမ်းတွေကို သူ့အနမ်းတွေကြားဆွဲသွင်းပြီး သူ့လျှာဖျားက ကျွန်တော့်ခံတွင်းလာမွှေနှောက်တယ်။ ဘာခံစားချက်ကြီးမှန်းမသိ..ကျွန်တော် တစိမ့်စိမ့်ခံစားနေရတယ်။ ခပ်အီအီညည်းညူချင်လာပြီး ကျွန်တော့်ကိုယ်က ယားယံလာတယ်။

"ဂျွန်..ဂျောင်..ဂု"

သူရဲ့သိပ်သည်းတဲ့ အနမ်းတွေကြားက မနည်းခေါ်ယူလိုက်ရတဲ့ နာမည်အဆုံး သူက မျက်နှာနားအနီးဆုံးတိုးကပ်ကာ ကျွန်တော့်မျက်ဝန်းတွေကို စိုက်ကြည့်တယ်။

"ငါမင်းကို ပြောခဲ့တယ်မလား..နောက်တစ်ခါထပ်ခေါ်ရင် အဲ့ဒီအကျိုးဆက်အတွက် တာဝန်ယူရမယ်လို့..။ မင်းအခု တာဝန်ယူလိုက်တော့ ဂျီမင်"

"မလုပ်.."

ကျွန်တော့်စကားတွေမဆက်နိုင်အောင် သူ့နှုတ်ခမ်းတွေ ပိတ်ပစ်တယ်။ သူ့လက်တွေကြား ကျွန်တော့် အင်္ကျီပါသွားတော့ တကိုယ်လုံးစိမ့်ခနဲ။ သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ..ကျွန်တော် ကြောက်နေမိတယ်။ တစ်ခါမှ မရင်းနှီးတဲ့ ဒီအခြေအနေကြီးက အမြဲရဲရင့်ခဲ့တဲ့ ကျွန်တော့်ကို ကြောက်ရွံ့စေတယ်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now