အပိုင်း (၁၆)

4.1K 515 130
                                    

"အားးးး"

ချွမ်း! ချွမ်း!

ပြင်းထန်တဲ့စွမ်းအားတွေ ပါဝင်နေသည့်  sword နှစ်လက်၏ တိုက်ခိုက်သံက ဟိန်းလို့နေ၏။ ဓားသွားခြင်း ထိပ်တိုက်ဆုံတဲ့အခါ တွန်းကန်မှု့ကြောင့် နှစ်ဦးလုံး နောက်သို့ ရွေ့သွားရသည်။ ပြင်းထန်တဲ့ စွမ်းအားတွေ ထိပ်တိုက်ဆုံတဲ့အခါ အလင်းတန်းတွေ တလက်လက် ထွက်ပေါ်လာပြီး ဓားသွားဝေ့ဝဲရာလမ်းကြောင်းအတိုင်း စွမ်းအားတွေဟာ ပဲ့တင်လို့နေ၏။

" ဒါဘာသဘောလဲ Jeon Orpheus!"

"ဘာသဘောရမှာလဲ.."

"မင်းတို့ ငြိမ်းချမ်းရေးစာချုပ်ကို ဖောက်ဖျက်တာလား!"

"ယုတ်မာနေတာ ထိုင်ကြည့်မနေနိုင်လို့ ဝင်ပါရုံပါပဲ"

"နတ်ဆိုးဘုံက ငါတို့နဲ့စစ်ဖြစ်ချင်နေတာလား။ အလျော့ပေးထားတာ အကောင်းမှတ်မနေနဲ့! "

"ဟား..အဆန်းပါလား။ စာချုပ်ချုပ်ထားတာ မင်းတို့ကိုကြောက်လို့မဟုတ်ဘဲ စစ်မဖြစ်ချင်လို့ဆိုတာ သိထားလိုက်..."

အေးစက်စက် Orpheus ရဲ့စကားကြောင့် သူဒေါသဖြင့် အော်ပြောလိုက်သည်။

"မင်းတို့နဲ့ ငြိမ်းချမ်းရေးစာချုပ် ကို ဖျက်သိမ်းဖို့သာပြင်ထား!"

"အဲ့ဒါ မင်းအကြောင်းလေ...ငါ့အကြောင်းကတော့ မင်းတို့ကို ကိုယ်နေရာကိုယ်သိအောင် ပြပေးဖို့ပဲ"

Orpheus သည် ခပ်ဟဟရယ်ပြီး ဓားကိုဝေ့ယမ်းလိုက်တဲ့အခါ ထိုစွမ်းအားရဲ့ ပဲ့တင်အားသည် ငရဲအိမ်ရှေ့စံကို ရိုက်ခတ်သွားသည်။ လေပေါ် ဝဲခနဲ လွင့်ထွက်သွားသည့် ငရဲဘုံအိမ်ရှေ့စံကိုကြည့်ပြီး ဗီရာပြုံးလိုက်သည်။ အလွန်တော်ပြီးထက်မြက်တဲ့ သူ့လူကို ချီးကျူးပြီး ဗီရာမျက်နှာကိုဝံ့လိုက်သည်။ သူသိပ်ဂုဏ်နေပါသတဲ့..။

တိုက်ခိုက်နေကြရာ၌ Jeon ကပိုအားသာနေတာကြောင့် ကျေနပ်ပြုံးပြုံးမိသား...။ အရှိန်အဝါကြီးက တကယ့်ကို ရှိန်စရာ..။ Jeon ၏တိုက်ခိုက်နေပုံက တကယ့်ကို ကြည့်ကောင်းပြီး အလွန်ခံ့ညားလှသည်။

တည်ကြည်နေတဲ့ မျက်နှာထား၊ စူးရှနေတဲ့ အကြည့်တွေ၊ဓားကိုတင်းတင်းကိုင်ထားသည့် တက်တူးတို့ နေရာယူထားတဲ့ လက်တစ်ဖက် တောင့်တောင့်တင်းတင်း၊ လှုပ်ရှားလိုက်တိုင်း အချိုးကျလျက် ကြည့်ကောင်းလှသော ခြေတံရှည်တို့၊ အားလုံးပြည့်စုံနေတဲ့ Jeonက သူ့အပိုင်ပဲလေ..ဟွန်း ။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now