အပိုင်း (၁၀)

5.9K 670 133
                                    

"Orpheus! ငါ့ကိုခဏလွှတ်အုံး"

အတင်းဆွဲဖက်ထားတဲ့ နတ်ဆိုးကောင်ကြောင့် ကျွန်တော့်မှာအသက်ရှူလို့ပင်မဝတော့ပါ။ တစ်ကိုယ်လုံးသူ့ရင်ခွင်ထဲ လုံလုံးလျားလျား ရောက်ရှိနေပြီး အတင်းဆွဲဖက်ထားတာကြောင့် အသားတွေပါ နာတယ်။ ရင်အုပ်ကျယ်ကျယ်ကြီးကို လက်နဲ့အားရပါးရရိုက်ချလိုက်မှ ဖက်ထားရာမှ လွှတ်ပေးတော့တယ်။ တစ်ညလုံး ဒီတိုင်းအဖက်ခံထားရတာကြောင့် ကျောတွေ‌ပါညောင်းချိလို့‌နေပြီ ။ နတ်ဆိုးကောင်ကို မော့ကြည့်လိုက်တော့ နတ်ဆိုးကောင်က မျက်လွှာ‌ချကာ အောက်စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ အကြည့်ချင်းဆုံသွားခိုက် သူ့နှုတ်ခမ်းတွေက ကျွန်တော့်နှုတ်ခမ်းသားကို လာရောက်စုပ်ယူတော့တယ်။ သူ့လက်မောင်းက ကျွန်တော့်ခါးပေါ် ပြန်ရောက်ရှိလာပြီး လက်ဖဝါးပြင်ကျယ်က ခါးကိုပွတ်သပ်လာတယ်။

သူ့အထိအတွေ့က ရူးလောက်စရာပါပဲ။ နှုတ်ခမ်းကို ကျွမ်းကျင်စွာခြယ်လှယ်ရင်း ဘေးတစ်စောင်းလှဲနေရင်း မျက်နှာချင်းဆိုင် အနေအထားနဲ့ပဲ ကျွန်တော့် လည်ပင်းသားတွေကို နမ်းရှိူက်လိုက် ပွတ်ဆွဲလိုက်လုပ်နေတယ်။ လည်ပင်းသားတွေကို ထိကပ်နမ်းရှိူက်နေတဲ့ သူ့ရဲ့အသက်ပြင်းပြင်းရှူသံ ကိုပါကြားနေရတယ်။

"ငါတို့တော်သင့်ပြီလို့ထင်တယ် Jeon...မင်းရဲ့ကားကိုလည်း သော့ဖြုတ်လိုက်ပါတော့"

သူက ခပ်ဟဟရယ်တယ်။ မျက်စောင်း‌ထိုးပေးလိုက်တော့..ကျွန်တော့်ကို ရီဝေဝေစိုက်ကြည့်ပြီး ကျွန်တော့်လည်တိုင်ကြားထဲ သူ့မျက်နှာကိုတိုးဝှေ့ပြီး ခါးကိုဆွဲဖက်ထားတယ်။ သူ့ဆံသားတွေကရတဲ့ ရနံ့သင်းသင်းက ကျွန်တော်စိတ်ကို အလုံးစုံကြည်လင်သွားစေသလို။ ကျွန်တော် သူ့ခေါင်းလုံးလုံးလေးကို လက်နဲ့ ပွတ်ပေးတော့ ကလေးငယ်တစ်ယောက်လို တိုးဝှေ့လာတယ်။Orpheusတစ်ယောက်တော့ သူ့ဗလကြီးမှ အားမနာ ကျွန်တော့်ကိုလာချွဲနေသလိုပဲ။ ကျွန်တော့်မှာ စိတ်ပျက်ခြင်း၊စိတ်ညစ်ညူးခြင်း၊ အနေခက်ခြင်းတို့ အလျဉ်းမရှိဘဲ သူနဲ့ပိုပြီး ရင်နှီးကျွမ်းဝင်လာသလိုခံစားရတယ်။

နတ်ဆိုးကောင်နဲ့ နီးနီးကပ်ကပ်နေရတာကို သဘောကျနေမိတယ်။ သူ့အနမ်းတွေကြား ကျွန်တော်ပျော်မွေ့နေမိတယ်။ သူ့အကြည့်တွေကြား နစ်မျှောမိတယ်။ သူ့အထိအတွေ့တွေကို နှစ်သက်မိတယ်။ သူကလွဲပြီး ဘာကိုမှမတွေးနိုင်တော့တဲ့အထိပါပဲ။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now