အပိုင်း (၁)

6.5K 614 46
                                    

ကောင်းကင်ဘုံနှင့် နတ်ဆိုးတို့၏ စစ်ပွဲ

"မင်ဗီရာ မင်းသူ့ကို သေချာပေါက် သတ်ပစ်ရမယ်"

"စိတ်ချပါ။ ကျွန်တော့်အမေအတွက် သေချာပေါက် ပြန်ပေးဆပ်ရအောင် လုပ်မှာပေါ့"

မင်ဗီရာ၏ မျက်ဝန်းတို့က ရေသေလိုတည်ငြိမ်နေသလို မှိုင်းညို့နေ၏။ နေဗီပြာရောင် မျက်ဆံလေးတို့က အတော်လေး အရောင်ဖျော့နေသည်။

"Orpheusကို သုတ်သင်နိုင်ဖို့ မင်ဗီရာကလွဲပြီး တခြားသူရှိမှာမဟုတ်ဘူး"

Orpheusနဲ့ မင်ဗီရာတို့ ဆက်ဆံရေးကို ကောင်းကင်ဘုံဧကရာဇ်က ထဲထဲဝင်ဝင် သိနေခဲ့တာကြောင့် ထိုသို့ပြောသည်။မင်ဗီရာ၏ မျက်ဝန်းတို့ လှုပ်ခတ်သွားခဲ့သည်။ ကောင်းကင်ဘုံတစ်ခွင်လုံးက နှိမ်နင်းလို့မရတဲ့ Jeon Orpheus ကို မင်ဗီရာသာ နှိမ်နင်းလို့ရမည်ဟု အားလုံးက ယုံကြည်နေကြသည်။ သူတို့က နှလုံးတစ်စုံကို ချနင်းစေပြီး သူတို့ပန်းတိုင်ကို အရောက်သွားစေချင်တာ။ Orpheus ရဲ့ နှလုံးသားက ခုတုံးသဘောမျိုး။ မင်ဗီရာ သူ့ကို သတ်မယ်ဆိုတာ Orpheus ကိုယ်တိုင်လည်းသိနေပြီးဖြစ်သည်။

"Orpheusရဲ့ စွမ်းအားက အတော်လေး အင်အားကြီးတယ် မင်ဗီရာ။ မင်းသတိထားရမယ်"

လောကကြီးမှာ ဆန့်ကျင်ဘက် စွမ်းအားနှစ်ခု ပေါ်ထွက်လာပြီ။ ဆန့်ကျင်ဘက်ဆိုတဲ့အတိုင်း ထိုအင်အားကြီးတဲ့ စွမ်းအားနှစ်ခုက တပြိုင်နက်တည်းရှိနေလို့မဖြစ်ဘူး။ ဒါကြောင့် ကောင်းကင်ဘုံဧကရာဇ်က Orpheus ကို သတ်ပစ်ရမယ်လို့ပြောတာ။

"ဟုတ်ကဲ့"

ဧကရာဇ်ထွက်သွားပြီးနောက် မင်ဗီရာဟာ ချပ်ဝတ်တန်ဆာ တို့အား ဘေး၌ချထားရင်း ငူငူငိုင်ငိုင်‌ရပ်နေသည်။

"ဗီရာ.."

နူးနူးညံ့ညံ့ ခေါ်သံလေးကြောင့် မင်ဗီရာလှည့်ကြည့်လိုက်တော့ Seokjinဖြစ်နေသည်။

"Seokjin ကျွန်တော်.."

"ဂျီမင်၊ မင်းအရမ်းပင်ပန်းနေရင် လွှတ်ချလိုက်ပါ။ မင်းလုပ်မှဖြစ်မယ်လို့ ဘယ်သူမှမသတ်မှတ်ထားဘူး "

Seokjin အား ပြေးဖက်ပြီး မင်ဗီရာငို၏။ မျက်ရည်ကျခဲတဲ့ ကောင်လေးက အခုတော့ ရှိူက်ကြီးတငင်ကို ငိုယိုလို့..။ Seokjinက မင်ဗီရာ၏ခေါင်းလေးကို ခပ်ဖွဖွလေးပွတ်ပေးရင်း ပြန်လည်ထွေးပွေ့ပေးထားသည်။

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now