အပိုင်း (၁၂)

4.7K 516 82
                                    

"Orpheusက ငါ့ကိုသဝန်မတိုရင်ရော"

"မတိုရင် မင်းသူ့ကိုတကယ်အဆက်အသွယ်ဖြတ်လိုက်တော့. . . . "

မင်ဗီရာက အတော်လေးပူပန်နေသည့်ပုံပင်။ 

"Orpheusကိုတကယ်ကြီးသဘောကျတာလား"

"ငါ...ငါမသိဘူး"

ဗီရာရဲ့ မျက်စံတို့က ယောက်ယတ်ခတ်သွားပြီး ပြန်ဖြေဆိုသည့်စကားတို့ပင် ထစ်ငေါ့ကုန်သည်။

"ငါမင်းကို ခင်မင်လို့ အကြံတစ်ခုပေးမယ် မင်ဗီရာ...ဘယ်တော့မှ မင်းဘက်က စ,မချစ်မိစေနဲ့။ ချစ်မိရင် ရှုံးတာပဲ..မင်းသူ့ကိုချစ်မိရင် ချစ်မိသလောက် ကျရှုံးရလိမ့်မယ်။"

"ချစ်မိတယ်ဆိုတာ ဘယ်လိုမျိုးလဲ Venus။ အချစ်ဆိုတာ ဘာလဲ ငါမသိဘူး.."

"မင်းပန်းလေးတစ်ပွင့်ကို ကြိုက်ရင် ခူးလိမ့်တယ်။ အကယ်၍ မင်းအဲ့ပန်းလေးကို ချစ်မိရင်တော့ မင်းမခူးရက်မကိုင်ရက်ပဲ တစိမ့်စိမ့်ကြည့်နေရရုံနဲ့ ပျော်ရွှင်နေတာမျိုးပေါ့...။ တကယ်လို့ မင်းချစ်မိသွားရင်တောင် မင်းချစ်နေမိတာကို သူ့ကိုမသိစေနဲ့။ ချစ်ခြင်းတရားတွေက တစ်ခါတစ်လေ ‌မဖော်ပြတာ အကောင်းဆုံးပဲ"

သူ့စကားကို ဂရုတစိုက်နားထောင်နေသည့် ဗီရာရဲ့မျက်ဝန်းလေးတွေက ခပ်ဝိုင်းဝိုင်းလေး။ Venus က ဗီရာ့ကိုကြည့်ပြီး သဘောတကျပြုံးလိုက်သည်။

"အချစ်ဆိုတာ မင်းကိုယ်တိုင်က ခံစားမိလာတဲ့အခါ အော်..ဒါကအချစ်ပါလားဆိုပြီး ကိုယ်တိုင်သိလာလိမ့်မယ်။ အချစ်က ကန့်သတ်ချက်တွေမရှိဘူး။ စကားလုံးတွေနဲ့ ဖော်ပြလို့ မရဘူး။ လေဟာနယ်ထဲမှာပဲ ဖြစ်တည်တဲ့ သံယောဇဉ်ဆိုတာထက် နက်ရှိုင်းတယ်"

"မချစ်မိချင်လို့ မရဘူးလား"

"တားဆီးလို့ရရင် တားကြည့်..အဖြေ ကိုယ်တိုင်ရှာကြည့်တာ အကောင်းဆုံးပေါ့"

"မင်း ဂျောင်ဟိုဆော့ကိုချစ်တာလား ကြိုက်တာလား.."

"သေချာပေါက် ချစ်တာပေါ့။ မင်းသိလား ငါအခုအရှုံးကြီးရှုံးနေရတယ်။ အသွားအပြန်မညီမျှတဲ့ ချစ်ခြင်းတွေပိုင်ဆိုင်ရတဲ့အခါ မချစ်မိချင်လာလိမ့်မယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူး...တစ်ခါချစ်ရင် တစ်သက်အရှုံးပဲ။ သေတဲ့ထိတောင် မေ့မရတဲ့အထိ...ငါက ငါချစ်တဲ့သူအပေါ် အမှားကြီးကျူးလွန်ခဲ့မိတယ်။ အလိုမတူပဲ အတင်းအဓမ္မသိမ်းပိုက်ခဲ့မိတာ..အဲ့ဒီအကျိုးဆက်က ငါသူ့အမုန်းတွေကိုပဲ လက်ခံရလိုက်တာပဲ"

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now