အပိုင်း (၃၉) Final

5.1K 462 170
                                    

Jeon၏ လက်မှ ဓားသည်လည်း မြေပြင်ပေါ်မှာ လဲလျောင်းလျက်..။ အနီရောင် မျက်ဝန်းတစ်စုံဟာ ဝမ်းနည်းမှု့တွေအပြည့်ဖြင့် ချစ်ရသူလေးပြေးလာပုံကို ငေးမောနေ၏။ ဘုန်းခနဲ ပစ်လဲကျသွားချိန်၌ပင် သူ့အကြည့်တွေ မပိတ်ကျသွားပေ။ ငိုယိုကာ ပြေးဝင်လာသော သူ့ကလေးကို စိုးရိမ်တကြီးကြည့်နေခဲ့တာ။ ‌ခလုတ်များတိုက်လဲသွားမလား။ ‌အမောတကော ပြေးလာ၍ ခြေများ ချော်သွားမလား။

နှုတ်ခမ်းမှ သွေးတို့ အံကျနေသည့်တိုင် Jeon၏ လက်ချောင်းလေးတွေ အနားရောက်လာသူ၏ နတ်သားလေးဆီ လှမ်းနေသည်။

"ဂျွန်ဂျောင်ဂု!"

နတ်သားလေးက သူ့ကို ထွေးပွေ့လာတဲ့အခါ မျက်ရည်များကြားက ပြုံးသည်။ သွေးစွန်းနေတဲ့ လက်တစ်ဖက်သည် အားအင်ချိနဲ့နေသော်လည်း ပန်းနုရောင်ပါးပြင်လေးကို ထိကိုင်ဖို့ကြိုးစားနေသည်။ ပါးပြင်နုထွေးထွေးဟာ မျက်ရည်တွေနဲ့ မလိုက်ဖက်လှပါ။ သူဟာ သူ့ကလေး မျက်ရည်မကျစေဖို့ရာ အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။

"Je..Jeon...ငါ့ကိုကြည့်...နာနေလား..ငါမင်းကုသပေးမယ်.."

နတ်သားလေးသည် သူ၏စွမ်းအားတို့ကို အကုန်ထုတ်၍ လက်ကောက်တွင်ချည်နှောင်ထားသော စွမ်းအင်တို့ကို ဖျက်စီးပစ်ပြီး Jeonပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေး၏။

"ထွက်..သွား...တော့.."

အနီရောင်မျက်ဝန်းတစ်စုံဟာ ယခု၌ အရောင်တွေမှိန်လို့နေ၏။ ပူပန်ခြင်း၊ ကြောင့်ကြခြင်းများစွာဟာ ခိုအောင်းနေ၏။ နောက်ဆုံးအချိန်မှာတောင် ဗီရာ့အတွက် တွေးနေခဲ့တာ။ နောက်ဆုံးအချိန်မှာတောင် သူ့က်ု ထားပြီး ထွက်သွားဖို့ ပြောခဲ့တာ။ ဗီရာ၏မျက်ရည်တို့ဟာ မိုးရေစက်တွေအလား ပြိုကျနေလေပြီ။ မျက်စိမှိတ်တော့မည့်စဲစဲ သူ့ခင်ပွန်းကို ကြည့်ရင်း သူစကားတစ်ခွန်းပြောဖို့တောင် အားမရှိ။

"တောင်းပန်ပါတယ် ငါမကာကွယ်ပေးနိုင်လို့...ဂျွန့်ခမည်းတော်ရယ်...ငါ့ကို ကတိပေးထားတယ်မလား! ငါတို့ ကတိတွေ အထပ်ထပ် ထားခဲ့တယ်မလား..ဘာလို့များ...ဘာလို့များ...ကတိမတည်ခဲ့ရတာလဲ"

❝ Minvira (or) ကိုယ့်ဂျီမင် ❞ (S-1+ S-2)Where stories live. Discover now